" ပတ်ဘိုရမ် မင်းက ငါ့ကိုကိုနားမှာ ဘာလာလုပ်တာလဲ ? "
အို အရှင်ဘုရား ကျွန်တော်မျိုးကို ဒီရှေ့ကနေ ပျောက်ကွယ်သွားအောင် ဖန်ဆင်ပေးတော် မူပါ အရှင်ဘုရား ။။
" ခုံလွတ်နေလို့ ၀င်ထိုင်စားတာလေ မမြင်ဘူးလား? "
ဝါး.... ပတ်ဘိုရမ်ဆိုတဲ့ ကလေးကလဲ မလွယ်ချေဘူး။ ဒီအတိုင်းကြည့်တော့သာ ဖြူဖြူဖျော့ဖျော့လေးလို့ ထင်ရပေမဲ့ သူလဲ အလားကြီးပဲ ။
ပြုံးပြန်ပြီး ဒီအပြုံး နှုတ်ခမ်းကို တစ်ခြမ်းထဲ ကွေးပြီးပြုံးတာ ။
" မင်းထိုင်စားရမယ့် နေရာကို မဟုတ်တာ ဒီနေရာမှာ ဒီလူက ဘယ်သူနဲ့ အမြဲ ရှိတက်လဲ ဆိုတာ ဒါကို မသိတာလား ငါ့ကို စိန်ခေါ်တာလား? "
မရတော့ဘူး ကျောင်းသား ကျောင်းသူတွေလဲ သူတို့ကို ဝိုင်းကြည့်နေသည်။ ကျောင်း၀န်းထဲမှာ ပြသာနာ ဖြစ်လို့ မဖြစ်ချေဘူး။
ဂျီမင် ဆက်မစားတော့ပဲ ထပြီး
" ထယ်ယောင်း လာ သွားရအောင် "
ထယ်ယောင်း လက်ကို ဆွဲပြီး ခေါ်သွားမလို့ လုပ်ပေမဲ့
"ကိုကိုနဲ့ သူ ရင်းနှီးလား "
"မရင်းနှီးဘူး သူထိုင်နေတာကို ငါ၀င်ထိုင်မိတာ လာပါ ထယ်ယောင်းရယ် "
သူအားနဲ့ထယ်ယောင်းကို ဆွဲလို့ မနိုင်ပေမဲ့ မျက်စပစ်ပြီး ဟိုဆော့ကို အကူအညီ တောင်းရသည်။ ဟိုဆော့ကလဲ ကျန်လက်တစ်ဖက်ကို ဆွဲပေးပြီး ခေါ်သွားလေသည်။ ယွန်ဂီကတော့ ကျန်ခဲ့ပြီး
" တစ်ခုလောက်တော့ ပြောချင်တယ် မင်း မထိသင့်တာ မထိရင်ကောင်းမယ် "
ယွန်ဂီက ပတ်ဘိုရမ်ကို သတိပေးလိုက်သည်။
အစားမပျက်ပဲ ပတ်ဘိုရမ်ကတော့
"ချိန်းခြောက်တာလား "
" မင်းထင်လို့ပါ အခုထိတော့ ငါက သတိပေးနေတာပဲ ရှိသေးတယ် နောက်တစ်လှမ်းမင်းတိုးလာရင်တော့ ဘာဖြစ်နိုင်တယ် ဆိုတာမင်းသိပါတယ် "
ဒီကျောင်းမှာ ထယ်ယောင်းနဲ့ ယွန်ဂီတို့ကို မကြောက်ရင်တောင် မကန်လန်ရဲကျဘူး ငွေကြောင့်ပဲမဟုတ် လက်ရဲ ဇက်ရဲ ရှိမှုကြောင့်ပဲ ပြသာနာက သူတို့လုပ်ပြီး သူတို့ လုပ်တာပါလို့ မပြောနိုင်ကြတာပဲ ။