အပိုင်း - ၁၅ (Z)

2.3K 242 16
                                    

Zawgyi

||နှစ်သိမ့်မှု||

ကိုယ်တို့အတူနေတဲ့အချိန်မှာ ကိုယ် မင်းမျက်နှာကို
ကြည့်ရင်း ဘာတွေ‌တွေးနေသလဲဆိုတာ
မင်းလည်းသိနိုင်လိမ့်မယ်
______________________________________

ကွမ်လင်းက ထိုစကားလုံးတို့ကို ငြင်းဆိုချင်သော်လည်း နှုတ်ဟလိုက်သည်နှင့် ပြန်လည်
မချေပနိုင်တော့။

ဒီလိုမှတ်ချက်တွေကို သူ တကယ် ဂရုမစိုက်ခဲ့
တာလား...

မဟုတ်ပေ၊ သူ အတော်လေး စိတ်ထဲထားခဲ့
သည်။ အထူးသဖြင့် ရှောင်ချန် ည‌လုံးပေါက်
အချိန်ပိုဆင်းရသောရက်များတွင် ကွမ်လင်းက
ပို‌တွေးဖြစ်ခဲ့ကာ သူ့ကိုယ်သူ ထပ်ခါတလဲလဲ
မေးခွန်းထုတ်မိ၏။ ထူးချွန်သည့်ရှောင်ချန်က
သူ့ထက်ပိုတော်သောလူနှင့် ထိုက်တန်မလား
ဟူ၍။

ကွမ်လင်း အဖြေတစ်ခုကိုမှ မစဉ်းစားနိုင်တော့။

ရှောင်ချန်၏အမူအရာက ပိုမှုန်မှိုင်းသွားကာ
ကွမ်လင်းကိုလွှတ်လိုက်ပြီး ခုတင်စွန်းတွင်
ဝင်ထိုင်သည်။ ရှောင်ချန်က မျက်နှာကြက်ကို အတော်ကြာစိုက်ကြည့်နေရင်း ရုတ်တရက်
မေးလိုက်လေ၏။

"ကွမ်လင်း..မင်း ကိုယ့်ကို ချစ်သေးရဲ့လား"

အတူရှိခဲ့ကြသော အချိုမြိန်ဆုံးနှစ်ကာလများ
မှာပင် နှစ်ဦးသား 'အချစ်'ဆိုသောစကားလုံးကို
ပြောတာ ရှားခဲ့သည်။ ထိုစကားလုံးကို ထပ်ခါ
ထပ်ခါပြောနေခြင်းက ကလေးဆန်သည်ဟု
သူတို့တွေးမိခဲ့၏။ ဆိုသော်လည်း ရှောင်ချန်
ထိုသို့မေးလိုက်သည့်အခိုက် ကွမ်လင်းက
အမှန်ပင် တုန်လှုပ်သွားရကာ တုံ့ဆိုင်းမှု
စိုးစဉ်းမျှမရှိဘဲ "အချစ်"ဟူသောစကားလုံးကို
လွှတ်ခနဲ ရေရွတ်မိလေပြီ။

"ချစ်သေးရဲ့လား"
ရှောင်ချန်က စက္ကန့်အချို့ကြာ နှုတ်ဆိတ်
သွားပြီးမှ ဖြည်းဖြည်းချင်း ပင့်သက်ရှိုက်ရင်း
နောက်လှည့်ကာ ကွမ်လင်းကိုပွေ့ဖက်လိုက်တော့သည်။

"ဒီလိုဆိုရင် ကိုယ်မင်းကိုမချစ်တော့ဘူးလို့
မင်း ယုံကြည်နေတာဖြစ်ရမယ်"

"သေချာပေါက် မဟုတ်ဘူး!"

ကွမ်လင်းက စိုးရိမ်တကြီးငြင်းရင်း ကိုယ်တိုင်ပင်
မသိလိုက်ပါဘဲ အသံနှစ်ဆကျယ်သွားမိသည်။

သည်းထိတ်ရင်ဖိုသရုပ်ဆောင်၏ တစ်ခုသောဆောင်းရာသီ || ဘာသာပြန် [COMPLETED]Where stories live. Discover now