အပိုင်း - ၁၀ (Z)

2.8K 274 6
                                    

Zawgyi

||အတိတ်||

စကားပြောရအောင်
_____________________________________

ကျောက်ချင်ချင်းက ကွမ်လင်းအနားယူနေတာကို အနှောင့်အယှက်ပေးမိမှာစိုးသဖြင့် အလုပ်ကိစ္စ
ဆွေးနွေးပြီးနောက် မကြာခင်မှာ ထွက်ခွာသွား၏။
သို့သော် လမ်းတစ်ဝက်အရောက်တွင်
ကွမ်လင်း၏ကျန်းမာရေးအာမခံကတ်က
သူမ,အိတ်ထဲရှိနေသေးမှန်း သတိရသွားကာ
ဆေးရုံသို့ နောက်တစ်ကြိမ်ပြန်လာရလေသည်။

ထိုအချိန်မှာ မွန်းတည့်လုပြီ။ ကားပါကင်ထိုးပြီး
သည်နှင့် သူမ အပြင်ထွက်လိုက်ကာ ထိုနေရာမှာ
ရှောင်ချန်နှင့်သွားဆုံ၏။ ရှောင်ချန်က ကွမ်လင်း
အတွက် နေ့လယ်စာပို့ဖို့ ဆေးရုံသို့ပြန်လာပုံ
ပေါ်သည်။

ရှောင်ချန်က အိမ်ပြန်ကာ အနားယူပါမည်ဟု
ကွမ်လင်းကို ကတိပေးပြီးသား။

ဆိုပေမယ့် သူ ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်ပါ့မလဲ...

အိမ်ပြန်ရောက်သည်နှင့် ရှောင်ချန်က ဆန်နှင့်
အသီးအရွက်များဆေးကာ ဆန်ပြုတ်ကို
မီးမျှင်းမျှင်းဖြင့် ကျိုခဲ့သည်။ ပြီးနောက်
သူ ဆိုဖာပေါ်တွင် တစ်နာရီနှစ်နာရီမျှ အနားယူကာ
ဆေးရုံသို့ ထပ်လာခြင်းဖြစ်သည်။

ကျောက်ချင်ချင်းကိုမြင်ချိန်မှာ ရှောင်ချန်က
အနားသို့လျှောက်လာပြီး မေးမြန်းနှုတ်ဆက်
လိုက်၏။

"ကွမ်လင်းဆီ လာတာလား"

"သူနဲ့တွေ့ပြီးပြီ၊ သူ့ကျန်းမာရေးအာမခံကတ်ကို
ငါ ပြန်ပေးဖို့မေ့သွားလို့၊ နင်နဲ့ဆုံတာ အတော်ပဲ၊
ငါ ထပ်မသွားတော့ဘူး၊ ဒါ သူ့ကို ပေးပေးပါ"

ရှောင်ချန်အပေါ် သူမ၏သဘောထားက
အတော်လေး အေးတိအေးစက်နိုင်သည်။
မည်သို့ပင်ရှိပါစေ ကျောက်ချင်ချင်းနှင့်
ကွမ်လင်းက လုပ်ဖော်ကိုင်ဖက်ဆိုတာထက်
မိတ်ဆွေများဟု‌ပြောနိုင်၏။ ဘယ်လို‌အခြေအနေ
ဖြစ်ဖြစ် အချင်းချင်းကူညီထောက်ပံ့ပေးသော
မိသားစုလိုပင်။ ရှောင်ချန်ကတော့ တမင်တကာ
ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ကွမ်လင်းကို
နာကျင်စေခဲ့ဖူးသည်။

သည်းထိတ်ရင်ဖိုသရုပ်ဆောင်၏ တစ်ခုသောဆောင်းရာသီ || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora