အပိုင်း - ၄ (U)

6.9K 1.2K 92
                                    

【 Unicode 】

||ရှောင်ချန်||

ကိုယ့်ကို မထားခဲ့ပါနဲ့၊ ကိုယ်မှားမှန်း သိပါတယ်
_____________________________________

လေထုထဲစိမ့်ဝင်နေသော စားသောက်ဖွယ်ရနံ့ကို ရသဖြင့် ရှောင်ချန်နိုးလာခဲ့သည်။ သို့ရာတွင်
အပြည့်အဝနိုးကြားခြင်းမဟုတ်ဘဲ အလိုလို
နှာတရှုံ့ရှုံ့လုပ်မိရာ ကြက်ဥနှင့်မုန့်ဖုတ်ခရင်မ်မှ
ထွက်ပေါ်နေသော ဆွဲဆောင်မှုရှိသည့်ရနံ့
တစ်မျိုးက အခန်းထဲပြည့်သိပ်နေလျက်။
ထိုရနံ့ကို သူ့ထက်ပိုပြီး ရင်းနှီးသူမရှိနိုင်တော့။
အကြောင်းမှာ သူတို့အတူနေသည့်နှစ်မှစ၍
ကွမ်လင်းက အကြိမ်ပေါင်းမရေတွက်နိုင်အောင် ပျားရည်ချိစ်ကိတ်ကို လုပ်ကျွေးခဲ့သောကြောင့်။

အစတုန်းက ထိုနှစ်တွင် သူတို့ ငွေသိပ်မရှိသဖြင့်
အိမ်မှာပဲ ကိတ်မုန့်ဖုတ်ခဲ့ခြင်း။ ကိတ်မုန့်ဆိုင်ပေါ်မှ
ခြောက်လက်မအကျယ်ရှိသော ကိတ်မုန့်အိအိကို
ဝယ်ယူမည်ဆိုလျှင် သူတို့၏တစ်ပတ်စာ
စားသောက်စရိတ်ကုန်မှာပင်။ ရှောင်ချန်၏
မိဘနှစ်ပါးအမွေပေးခဲ့သောအိမ်၌ oven ကို
နဂိုကတည်းက ထည့်သွင်းပြီးဖြစ်သဖြင့်
ကွမ်လင်းက စမ်းသပ်ကြည့်ခဲ့သည်။ ဆိုင်မှ
အပြီးအစီးကိတ်မုန့်ကို ဝယ်တာထက်စာလျှင်
ကိုယ်တိုင်မုန့်ဖုတ်ပါက ကုန်ကျစရိတ်မှာ
ငါးပုံ-တစ်ပုံခန့် ပိုသက်သာလေ၏။

ထိုနောက်ပိုင်းနှစ်များတွင် နှစ်ဦးသား
ငွေကြေးမပြတ်လပ်တော့။ သို့သော်လည်း
ရှောင်ချန်အတွက် ကိတ်မုန့်ဖုတ်ပေးတတ်သည့်
ကွမ်လင်းအကျင့်က စွဲမြဲသွားကာ လက်ရာလည်း
ပိုပိုကောင်းလာခဲ့သည်။

ရှောင်ချန်က မျက်လုံးဖွင့်လိုက်ကာ
မျက်နှာကြက်မှ မျက်စိကျိန်းလောက်ဖွယ်
မီးရောင်ကို လက်တစ်ဖက်ဖြင့် ကာမိ၏။
မူးဝေသောအနေအထားမှာ သူ့အတွေးများက
အတော်လေး နှေးသွားပြီဖြစ်သော်လည်း
သူ အိပ်မက်မက်နေသလားဟု ထင်မိပြန်သည်။

ကွမ်လင်းက သူ့အတွက် ဘယ်လိုလုပ်
ကိတ်မုန့်ဖုတ်ပေးမှာလဲ?

သူ့ပန်းသီးလေးကို ဆုံးရှုံးခဲ့ရတာ တစ်လတောင်
ကြာသွားပြီမဟုတ်လား...

သည်းထိတ်ရင်ဖိုသရုပ်ဆောင်၏ တစ်ခုသောဆောင်းရာသီ || ဘာသာပြန် [COMPLETED]Onde histórias criam vida. Descubra agora