ဇာတ်သိမ်းပိုင်း (Z)

4.1K 360 49
                                    

Zawgyi

||အဆုံးသတ်||

ကျွန်တော့်ခင်ပွန်းပြောတာ အမှန်ပါပဲ
______________________________________

ကွမ်လင်းက ရှောင်ချန်၏ရင်ခွင်ထဲရှိနေပြီး
ရှောင်ချန်ခွံ့ကျွေးသောသစ်သီးကို စားနေချိန်တွင်
ထိုပို့စ်ကိုမြင်ခြင်းဖြစ်သည်။ ရှောင်ချန်
ဒုတိယပို့စ်တင်ပြီး မရှေးမနှောင်းမှာ ကွမ်လင်းက Weibo သ‌င်္ကေတငယ်ကို နှိပ်မိသွားကာ
သီးသန့်ပေါ်လာသည့် notification နှစ်ခုကို
မြင်သည်နှင့်တစ်ပြိုင်နက် မျက်ဝန်းများ
စိုစွတ်သွားရပြီ။

အတော်ကြာအောင် ငြိမ်သက်လျက်ရှိသော
ကွမ်လင်း‌ကြောင့် ရှောင်ချန်က သတိထားမိကာ
လက်ထဲမှစတော်ဘယ်ရီသီးများကို ပန်းကန်ထဲ
ပြန်ထည့်လိုက်ပြီး ကွမ်လင်း၏မေးဖျားကို
ဆွဲပင့်၍ လေးနက်စွာဖြင့်-

"မင်းက ကိုယ့်အတွက် ဘယ်လောက်ထိ
အရေးပါမှန်း မင်းသိပြီးသားလို့ ကိုယ်ထင်နေတာ"

ကွမ်လင်းက ခေါင်းခါလိုက်ကာ ဘာ‌ပြောရမလဲ
မစဉ်းစားတတ်တော့။ နှစ်ဦး အတူရှိခဲ့သည့်
နှစ်ကာလအတွင်း ကွမ်လင်းက ရှောင်ချန်၏
နှလုံးသားထဲ မည်သို့‌နေရာယူထားမှန်း
သူကိုယ်တိုင် အမှန်တကယ် သေချာသိပြီးသား။
သို့သော် ကုန်လွန်သွားသည့်အချိန်၏
တိုက်စားမှုနှင့်အတူ သူတို့ တစ်ဦးကိုတစ်ဦး အဖော်ပြုနိုင်သောအခိုက်အတန့်မှာ
တဖြည်းဖြည်းနည်းပါးလာကာ အစောပိုင်းမှ
ခိုင်မြဲသောယုံကြည်ချက်များက မဆိုစလောက်
ပြောင်းလဲစပြုခဲ့သည်။ ယနေ့တွင်တော့
ရှောင်ချန်၏နှလုံးသားထဲက သူ့နေရာမှာ
ဘယ်သောအခါမှ မပြောင်းလဲကြောင်း တစ်ဖန်
ဖွင့်ဟခံရသောကြောင့် ကွမ်လင်း၏စိတ်နှလုံးက
ခံစားချက်မျိုးစုံဖြင့် ပြည့်လျှမ်းနေလေပြီ။

ရှောင်ချန်ကလည်း စကားမဆိုဘဲ ငုံ့ကိုင်းလာရင်း
ကွမ်လင်း၏မျက်ဝန်းထောင့်မှစ၍ နှုတ်ခမ်းအထိ တောက်လျှောက် အနမ်းခြွေသည်။ ပြီးနောက်
ကွမ်လင်းနှင့် နှာဖျားချင်း အသာအယာ
ထိတွေ့ပွတ်ဆွဲလာ၏။

ခဏကြာမှ ကွမ်လင်းက တည်ငြိမ်သွားကာ
ရှက်ရွံ့ဖွယ်ကောင်းသလို ခံစားရသဖြင့်
ရှောင်ချန်၏ရင်ခွင်ထဲ မျက်နှာဝှက်ထားလျက်
အက်ကွဲသောအသံနှင့် မေးလိုက်သည်။

🎉 Has terminado de leer သည်းထိတ်ရင်ဖိုသရုပ်ဆောင်၏ တစ်ခုသောဆောင်းရာသီ || ဘာသာပြန် [COMPLETED] 🎉
သည်းထိတ်ရင်ဖိုသရုပ်ဆောင်၏ တစ်ခုသောဆောင်းရာသီ || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora