နဖူးစာရွာလည် (cha-2.0)

376 49 12
                                    


Zawgyi

သူနဲ့ချိန်းထားတယ်ဆိုတဲ့ အသိကြောင့် သူငယ်ချင်းတွေ ဂိမ်းဆော့ဖို့ ခေါ်တာတောင် ဖျက်ပြီး မနက် ရှစ်နာရီလောက် ထနိုင်ဖို့အတွက် ညထဲက စောစောအိပ်ခဲ့သည်

ပုံမှန်ဆို နှိုးစက်သံကြားမှ ထတတ်တဲ့ jisoo က ဒီမနက်တော့ နှိုးစက်မမြည်ခင်ထဲက နိုးနေလေပြီ

လက်နှစ်ဖက်ကို မိုးပေါ်ထောင်ပြီး အပျင်းကြော တစ်ချက်ဆန့်လိုက်ကာ ရေချိုးခန်းထဲဝင်လိုက်သည်

မျက်နှာသစ် သွားတိုက်နေရင်း ဝမ်းနည်းရိပ်သန်းနေတဲ့ သူ့မျက်ဝန်းတွေကိုသာ ခဏခဏမြင်ယောင်လာတာကြောင့် ခေါင်းအနည်းငယ်ခါရမ်းလိုက်ကာ သွားကိုသာ ဆက်တိုက်နေလိုက်သည်

ကျောင်းကို ခွင့်တိုင်ပေးဖို့ကိစ္စ ညထဲက seulgi ကို ပြောပြီးပြီမို့ အတန်းပိုင်က အမေ့ကို ဖုန်းလှမ်းဆက်မှာ စိတ်မပူရတော့ပေ

သို့သော် အမေ့ရှေ့မှာတော့ ကျောင်းသွားချင်ယောင်ဆောင်ရဦးပေမည်
ထို့ကြောင့် အပြင်အဝတ်အစားဝတ်ရန် တွေးနေသည့် စိတ်ကူးတွေကို ဖျောက်ဖျက်လိုက်ပြီး ကျောင်းဝတ်စုံကိုသာ ဝတ်စုံလိုက်သည်

ပုခုံးအရှေ့ကို ကျနေတဲ့ ဆံနွယ်တွေကို တစ်စုတစ်စည်းထဲ စုစည်းလိုက်ပြီး နှုတ်ခမ်းနီပါးပါးလေး ဆိုးလိုက်သည်

သိပ်ပြီး ပြင်ပြင်ဆင်ဆင်မနေတတ်တာကြောင့် jisoo ထံတွင် နှုတ်ခမ်းနီ နှစ်ချောင်းလောက်နှင့် အလှပြင်ပစ္စည်း အနည်းငယ်သာရှိသည်

ဒါတောင် တစ်ဝက်လောက်က jisoo အစ်မ က ဝယ်ပေးထားသော ပစ္စည်းများသာ...

လွယ်အိတ် လွယ်လိုက်ပြီး အခန်းပြင်ထွက်တော့ မနက်စာပြင်နေသည့် အမေနှင့် အစ်မ ဖြစ်သူကို တွေ့လိုက်ရသည်

Jisoo ခပ်တည်တည်နှင့် ထိုင်ခုံတွင်ဝင်ထိုင်ကာ appa ထွက်အလာကို စောင့်နေလိုက်သည်

Jisoo ထိုင်ပြီး သိပ်မကြာလိုက်
အဖေ နှင့် အကို တို့က အခန်းထဲကနေ ထွက်လာကြကာ ထိုင်ခုံတွင် အသီးသီးဝင်ထိုင်ကြသည်

Appa က စားပွဲထိပ်တွင် ထိုင်ကာ ညာဘက်တွင် oppa နှင့် unnie တို့ထိုင်ပြီး ဘယ်ဘက်တွင် omma နှင့် jisoo တို့က နေရာယူထားကြသည်

Blackpink One Shot Collections💖Where stories live. Discover now