part.3

19.4K 1.3K 59
                                    

ဘယ်လောက်ဘဲအတိတ်မေ့နေသည်ဆိုအုံးတော့.. အခုလို့ ဉီးကြီးလို့ အခေါ်ခံရစရာအကြောင်းမရှိပေ.. ကိုယ့်အဲ့လောက်ထိတောင်အသက်ကြီးနေပြီလားလို့တောင် တွေးမိသည်။
အသက်ကွာလှ ၁၀ ကျော်လောက်ပေါ့..ဒီလိုအခေါ်ခံရလောက်တဲ့အထိ မအိုသေးဘူးလေ..

မဟာသူရိန်လည်း မရှည်တော့တဲ့စိတ်တွေကို ဆွဲဆန့်ရင်း  လူနာကုတင်ရဲ့အနီးဆုံး ခုံမှာထိုင်လိုက်ပြီ...

"ခဏ..ခဏ..ငါဘယ်သူလဲဆိုတာကိုမမှတ်မိတော့ဘူးလား.."

မဟာသူရိန်လည်း လေသံမာမာနဲ့မေးချလိုက်တော့ မျက်လုံးဝိုင်းဝိုင်လေးတွေက ရိုးသားမှုအပြည့်ဖြင့်ကြည့်လာပြီ.. အောက်နှုတ်ခမ်းလေးကိုအသာဖိကိုက်ကာ..ခေါင်လေးခါပြလာသည်။

တစ်ခါမှမမြင်ဖူးတဲ့အမှုအရာလေးပင်.. ရင်ထဲ ပုရွတ်ဆိတ်ကိုက်သလိူတောင် ဖြစ်လာသည်။
ဘယ်လိုလေးလာကြည့်နေတာပါလိမ့်..

"အဟမ်း.. အတိတ်မေ့နေတယ်ဆိုတော့..သေချာပေါက်ငါကိုမမှတ်မိနိုင်ဘူးပေါ့..ငါက မင်းနဲ့လက်ထပ်ရမဲ့လူ.."

လက်ထပ်တယ်..ဘာကိုဆိုလိုချင်တာပါလိမ့်.. နောင် သေချာစဉ်းစားပေမဲ့ စကားလူံးတိုင်းကို သေချာနားမလည်သေးပေ.. ဒီကလူတွေစကားပြောပုံတွေ.. စကားလုံးတွေက ထူးဆန်လွန်းတာကြောင့် တော်တော်နဲ့လိုက်မမှီပေ..

အတွေးတွေနယ်ချဲ့နေတုန်း..ထိုဉီးကြီးရဲ့ စူးရှရှအကြည့်ကြီးကြောင့်..အနည်းငယ်ကြောက်လာမိသည်။ နောင် ဘဝမှာ တစ်ခါမှ ဒီလိုကြောက်စရာကောင်းတဲ့အကြည့်မျိုးမတွေ့ဖူးပေ..

"ဒုန်း...ဟေးး.."

"ဗုဒေါ.."

မဟာသူရိန် ခုံကိုထုကာ ရှေ့က အတွေးများနေတဲ့ကောင်လေးကို ခေါ်လိုက်တော့ ကိုယ်လုံးလေးက တုန်တက်သွားပြီ.. အရည်လဲ့နေတဲ့မျက်လုံးလေးတွေနဲ့မော့ကြည့်ကာ..

"ဟို.. ကျွနုပ်..အဲ့..ကျွန်တော်..နားမလည်လို့ပါ..လက်ထပ်တယ်ဆိုတာက..."

ချမ်းလေးလည်း သခင်လေးလန့်နေတယ်ဆိုတာသိနေတာကြောင့် နောက်ဆုံးကြားထဲကနေဘဲ..

"သခင်လေး..လက်ထပ်တယ်ဆိုတော့..ဘယ်လိုပြောရမလဲ..အော်..ထိမ်းမြားတာကိုပြောတာ.."

ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)Where stories live. Discover now