သူရိန်တို့မောင်းထွက်လာတဲ့ကားလေးသည်နောက်ဆုံးတော့ပြင်ဦးလွင်မြို့ထဲကိုဝင်လာခဲ့သည်။ ပန်းမြို့တော်လို့ပြောရလောက်အောင် ဘယ်နေရာကြည့်ကြည့် အင်မတန်မှလှပလွန်းလှသည်။ ကလေးငယ်ကတော့ ရန်ကုန်မြို့တစ်လျှောက်အိပ်လာပေမဲ့ ပြင်ဦးလွင်မြို့ထဲကိုရောက်တော့ ပတ်ဝန်ကျင်ကိုငေးမောကာပျော်ရွှင်နေလေသည်။
ပြင်ဦးလွင်မြို့က ချမ်းအေးတာမလို့..ကလေးငယ်ရဲ့ကိုယ်လုံးလေးပေါ်ဆွယ်တာအကျီလေးထပ်ခြုံပေးကာ.."ကလေးလေး..နွေးနွေးထွေးထွေးနေနော်.. "
"ဟုတ်..ဦးဒါနဲ့..ရောက်ပြီလားဟင်.. ဘယ်မှာတည်းကြမှာလဲ.."
မျက်လုံးဝိုင်းလေးပင့်ကာမေးလာတဲ့အသည်းအသက်လေးကိုရင်ခွင်ထဲပြန်ထည့်ထားလိုက်ပြီးနွေးထွေးစေကာ..
"ကလေးပိုင်တဲ့နေရာလေးမှာတည်းမှာပေါ့.."
ဦးစကားက ဘာကိုဆိုလိုမှန်းနားမလည်ပါလေ. လွန်းအိမ်အခုမှပြင်ဦးလွင်ကိုရောက်ဖူးတာပါ. အဲ့တော့ ဘယ်လိုလုပ်အိမ်ပိုင်ပါမလဲ.. ဦးလာနောက်နေတယ်လို့တွေးမိကာ.. မျက်မှောင်လေးကျုံ့လိုက်ပြီး..
"ဦးနော်.. ကလေးက်ိုလာနောက်နေသေးတယ်..ခေါ်တော့ဘူး.."
မျက်စောင်းနုနုလေးနဲ့အတူ သူရိန်ရင်ခွင်ထဲကထွက်ကာစိတ်ကောက်သွားတဲ့ကလေးငယ်သည် ကိုယ်ဝန်ရှိပြီးတဲ့နောက်ပိုင်းတော်တော်လေးစိတ်ကောက်စိတ်ဆိုးတက်သည်.. သူရိန်ကတော့မငြိုမညင်ဘဲချော့နေရတာကိုသဘောကျလွန်းလှသည်လေ..
ကိုယ်လုံးသေးသေးလေးကို အသာပြန်ဆွဲယူလိုက်ပြီး.."ဦးကနောက်စရာလားကွာ...ဟိုကိုရောက်ရင်သိမှာနော်.."
"ဟွန့်..ဦးနော်.. ကလေးကိုစနေတာမလား.."
"ဟားဟား..ချစ်ဖို့ကောင်းအောင်ကွာ..နှုတ်ခမ်းလေးစူအုံး..ပြွတ်..ပြွတ်.."
"ဦးနော်..တော်တော့..အရှေ့မှာလူရှိတာကိူး.."
လွန်းအိမ်လည်းရှေ့နောက်မကြည့်နမ်းတက်လွန်းတဲ့ဦးကြောင့်ရင်ဘတ်ကိုလက်သီးဖြင့်ထုလိုက်ပေမဲ့တဟားဟားရယ်ကာ ဖက်ထားပြန်သည်။
တကယ်ပါ..ဦးလူဆိုးကြီး...
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...