မနက်ခင်းနေရောင်ခြည်သည်အခန်းထဲကိုတိုးဝင်လာတာကြောင့် သူရိန်လည်း မျက်လုံးကိုလက်နဲပွတ်ရင်း အိပ်ရာမှနိုးလာသည်။ သူရိန်ပထမဆုံးသတိရမိသည်က သူရိန်ရဲ့ အိမ်ထောင်ရှင်လေး.. ဘေးကိုကြည့်လိုက်တော့ နေရာလွတ်လေးကြောင့်ကောင်လေး ...
အောက်ထပ်ကိုဆင်းသွားပြီးလို့တွေးကာ သူရိန်လည်းအိပ်ရာမှထပြီး မျက်နှာသစ်သွားတိုက်ပြီး အိမ်နေရင်းအကျီတစ်စုံဝတ်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
ဧည့်ခန်းထဲမှာလည်းကောင်လေးကိုမတွေ့တာကြောင့်.."ကလေး..လွန်းလေး.. ဘယ်မှာလဲ.."
အိမ်ရှေ့ကနေ လှမ်းအော်နေတဲဉီးကြောင့် အနည်းငယ်တော့အံ့သြမိသည်။ အရင်တုန်းကဆိုရင် ချိုချိုသာသာမခေါ်တက်တဲ့ဉီးက ဒီမနက်မှာတော့ လူစားထိုးလိုက်သလားလို့တောင်တွေးမိနေသည်။ဘယ်လိုတောင် ချိုသာလွန်းနေတာပါလိမ့်..မနေ့ညကအထိ ခက်ထန်နေမြဲပါ..
"ဒီမှာ..ဉီးရေ.."
စားဖိုဆောင်ကနေ လှမ်းအော်တဲ့ကလေးငယ်ကြောင့်သူရိန်လည်း ထမင်းစားခန်းထဲကိုဝင်လာလိုက်ခဲ့သည်။ အပြာနုရောင် အကျီလက်ရှည်လေးနဲ့ ပုဆိုး အနက်ရောင်အကွပ်လေးကို အချိုးကျကျဝတ်ထားတဲ့ကောင်လေးသည် သူရိန်ကိုနောက်ကျောပေးကာ ဟင်းချက်နေပုံရသည်။
မနက်ခင်းရဲ့ပြီးပြည့်စုံမှုဆိုတာ ကိူယ့်ရဲ့ အိမ်သူလေးရဲ့ဟင်းချက်နေတဲ့မြင်ကွင်းလေးဘဲလို့သူရိန်ပြောမိလိမ့်မည်။"ဉီး...မနက်စာရတော့မယ်နော်..ခဏလေး.."
"အိမ်မှာ အလုပ်သမားတွေရှိတာကို ဘာလိုကလေးကိုယ်တိုင်ဝင်ချက်နေတာလဲ.."
"ဗျာ..အော်.. ဉီးက ကျွန်တော်ရဲ့ အိမ်ဉီးနတ်ဆိုတော့ ကျွန်တော်ကိုယ်တိုင်ဘဲလုပ်ပေးချင်တယ်ဗျ.."
ချစ်ဖို့ကောင်းအောင်ပြောတက်လွန်းတဲ့ကောင်လေးကြောင့် သူရိန်ရဲ့မျက်နှာပေါ်မှာ အပြုံးတွေမရပ်နိုင်လောက်အောင်ပင်.. ဘာလိုများအဲ့လောက်ထိချစ်ဖို့ကောင်းနေရတာလဲကွာ..
သူရိန်လည်းနောက်ကနေခါးသေးသေးလေးအသာဖက်လိုက်တော့ အနည်းငယ်တုန်တက်သွားပြီ...
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...