သတိုးတစ်ယောက် ကောင်လေးဆီမှာနေတာ တစ်ပတ်လောက်တော့ရှိသွားပြီ..သိသိသာသာပြောင်းလဲလာတာကတော့ ပိုပြီးခင်မင်ရင်းနှီးလာတာပင်.. ဒဏ်ရာကလည်းတော်တော်လေးပြန်ကောင်းသွားပြီမလို့ ဒီအိမ်ကနေထွက်သွားရတော့မည်။ ဒါပေမဲ့ သတိုးဘယ်တော့မှမထွက်သွားပါလေ..ကောင်လေးကိုချစ်မိပြီဆိုကတည်းက ဘေးနားမှာဘဲနေချင်တယ်..ပိုင်ဆိုင်ချင်တယ်.. အဲ့တော့ကပ်တွယ်ထားရမှာပေါ့.
"အကို...ကျွန်တော်တို့အပြင်မှာဘဲစားကြမလား.."
"ကိုယ်ချက်ကျွေးမယ်လေ..အခုတော့လိုအပ်တာတွေသွားဝယ်ရအောင်.."
"ဟုတ်..အကိုသဘောပါ.."
ရိုင်းဆက်လည်း အပေါ်မှာထပ်ဖို့တဲ့အကျီလက်ရှည်လေးကိုယူကာ အကိုနဲ့အတူcondoကနေထွက်လာခဲ့သည်။ ပြောရမယ်ဆိုရင်အကိုနဲ့တော်တော်လေးရင်းနှီးနေခဲ့ပြီ.. လူကြီလူကောင်းဆန်တာကြောင့်လည်း ရိုင်းဆက်အနေနဲ့ပေါင်းသင်းရတာကိုသဘောကျသည်။ ဒီလူကြီးနဲ့စတွေကတည်းက မတည့်ပေမဲ့သေချာပေါင်းကြည့်လိုက်တော့တော်တော်လေးအဆင်ပြေတယ်..ရိုင်းဆက်ကိုလည်းအလိုလိုက်တယ်..ဂရုလည်းစိုက်တယ်.. အင်းးးတစ်ခုဘဲ..အကိုကမကြာခင်ပြန်ရတော့မှာလေ..အဲ့လိုတွေးမိလိုက်တော့ရင်ထဲတစ်မျိုးကြီပင်...
"ဟိတ်..ကုန်တိုက်ရောက်နေပြီလေ..ဘာတွေတွေးနေတာလဲ.."
ပခုံပေါ်ထိကပ်လာတဲ့အကိုရဲ့လက်တစ်ဖက်ကြောင့်အသိဝင်ကာ ခေါင်းရမ်းလိုက်ပြီ.
"မတွေးပါဘူးအကိုရဲ့.. ဝင်ကြရအောင်လေ.. "
ရိုင်းလေးရဲ့အတွေးတွေကိုစိုးမိုးနေတဲ့လူကိုသဝန်တိုသည်။ အပြင်ထုတ်ပြောခွင့်သတိူးမှာမရှိတာကြောင့်အောင့်ထားလိုက်ရတော့သည်။ ဖြစ်နိုင်ရင်အချိန်တိုင်းသတိူးအကြောင်းကိုဘဲတွေးစေချင်မိသည်။ အဲ့လောက်ထိ ကောင်လေးပေါ်မှာအတ္တကြီမိပါသည်။
"အကို..ဘာဝယ်ကြမလဲ.."
ဟင်းသီးဟင်းရွက်အသားတွေဘက်ရောက်တော့ ဘာဝယ်ရမလဲမသိစွာအကို့ကိုလှမ်းမေးလိုက်တော့..
"ဒီနေ့ရိုင်းလေးဘာစားချင်လဲ..."
အမြဲတမ်း ရိုင်းဆက်ကိုသာဦးစားပေးတက်သည်။ ရိုင်းဆက်စားချင်တာ..လုပ်ချင်တာတွေကို ရအောင်လုပ်ပေးတက်မြဲပင်..
YOU ARE READING
ဉီးရဲ့မြတ်နိုးရာ..(ဉီးရဲ႕ျမတ္နိုးရာ..)
Romance"ဘယ်သူလဲ.. ငါမသိတော့ဘူး.. ငါအရင်က လွန်းအိမ်ဆိုတဲ့ကောင်လေးကိုအရမ်းမုန်းတယ်.. အခု လွန်းအိမ်ဆိုတဲ့ဖြူစင်တဲ့ကောင်လေးက်ိုကျ အထိခိုက်မခံနိုင်လောက်အောင်ချစ်မိနေပြီ.." မဟာသူရိန် "ဉီ.. သားဘယ်လိုရှင်းပြရမလဲမသိပေမဲ့.. သားက လွန်းအိမ်ဆိုတဲ့ကောင်လေးမဟုတ်ခဲ့ပါဘူး...