Chapter-19

1.7K 70 29
                                    

"ကျွန်မခံစားချက်တွေကို ဗလောင်းဗလဲ လုပ်တဲ့လူဆိုးကြီး"

     

                    ****************************

               "ကျွန်မ ဒေမွန်နဲ့မတွေ့ဖြစ်တာတစ်ပတ်လောက်ရှိနေပြီ။ ဟိုနေ့ညရေချိုးခန်းထဲမှာကျွန်မအိပ်ပျော်သွားပြီးနောက် ဒေမွန်အိပ်ရာပေါ်မှာနိုးလာခဲ့တယ်။အဲ့နေ့ကစပြီးဒေမွန်ကိုမတွေ့တော့တာ....ကြည့်ရတာ ကျွန်မကိုရှောင်နေတယ်ထင်တယ် ညဆို သူနောက်ကျမှပြန်ရင်ပြန်တယ် အချို့နေ့တွေဆို ပြန်ကိုမလာတော့ဘူး..... ကျွန်မသူ့ကိုမေးစရာတွေအများကြီးရှိတယ် ကျွန်မ....သတိရတယ်........ဒေမွန်......"

  ဒေမွန်ရုံးခန်းတွင်

            " ရိုင်ဒါ မင်းသေချာ သွားတွေ့ခဲ့လား!!" စိတ်ဆိုးမာန်ဆိုးအော်ငေါက်နေသောဒေမွန်အသံမှာ တစ်ခန်းလုံးက်လောင်နေသည်။

         "ငါ သွားကြည့်ခဲ့တယ် မားကတ်စ်(ဒေမွန်ရဲ့လက်နက်ထောက်ပံ့သူ)   ခရီးထွက်သွားတယ် နောက်နှစ်ပတ်လောက်ကြာမှပြန်လာခဲ့မယ်လို့တော့ သူ့အိမ်ဖော်ကပြောပြတယ်"

          "တောက်စ်!!!!!!!!! အဲ့သူတောင်းစားဘာတွေကြံနေတာလဲ!!!!!!!!!"

             တစ်နေ့တစ်နေ့ အမျက်ဒေါသတိုးပွားလာသော ဒေမွန်ကို ရိုင်ဒါကြည့်ရင်း ခေါင်းရှုပ်နေသည်။ ဒေမွန် စိတ်ဆိုးရင် အတောအမသတ်နိုင် ကိစ္စတစ်ခုခုဖြစ်ခဲ့လို့သူတို့အပေါ်ပုံချနေသည်ကို ရိုင်ဒါသေချာသိနေသည်။အထူးသဖြင့် ဂရေ့စ်နဲ့ပတ်သက်နေလိမ့်မည်ဟု ရိုင်ဒါအတတ်ပြောနိုင်ပါသည်။

            "ဟင်း...... အဲ့ဆို ငါ ဂရေ့စ်ကိုသွားကြိုလိုက်အုံးမယ်"

             ရိုင်ဒါ ပြောစကားကို ကြားကြားချင်း ဒေမွန် ​၏မျက်လုံးများအရောင်တောက်လာကာ သူ့မျက်နှာတွင်ဒေါသအစား တောင်းတစိတ်များအစားထိုးသွားသည်။

          "အော်....ဟုတ်လား"

         ရိုင်ဒါရဲ့မျက်နှာသည် ပြုံးဖြီးသွားကာ ဒေမွန်အားအနိုင်ပိုင်းရန်နည်းကို သိသွားပုံပေါ်သည်။

           "အေး ဟုတ်တယ်...ပြောရအုံးမယ် အခုတစ်လော ဆေးရုံကသူနာပြုတွေ ဆရာဝန်တွေက ဂရေ့စ်အနားအရမ်းကပ်ကြတယ် သူမကို ချိန်းတွေ့ခွင့်တောင်တောင်းကြတာ လက်တောင်ကိုင်တယ်ဆိုလားပဲ....." မေးစေ့ကိုလက်ဖြင့်ပွတ်ရင်း မသိချင်ယောင်ဆောင်လျက်မနားတမ်းထင်ရာမြင်ရာလျှောက်ပြောသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now