"ဇေးဗီးယား(Xavier )"
*******************
ညလည်းနက်လှပြီ။အရာရာပြီးပြည့်စုံနေသော ချစ်သူနှစ်ဦးရဲ့ညချမ်းလေးဟာပြီးဆုံးချိန်ရောက်လာပါသည်။ ထိုသို့ဖြင့်နှစ်ဦးသား ပျော်ရွှင်ကြည်နူးစွာ နမ်းသက်ခြွေရင်းအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ပြန်လာကြသည်။
" ဂရေ့စ် ဖြည်းဖြည်းဝင် ချောလဲမယ် ဒေါက်မြင့်ဖိနပ်ချွတ်လိုက်အုံး..." သူမပုခုံးလေးကိုထိန်းပေးရင်း နှုတ်ခွန်းဆိုသည်။
" ဟုတ်"
နှစ်ယောက်သား အိမ်ထဲဝင်လာရင်း ဧည့်ခန်းထဲသို့ရောက်လာသောအခါ တအံ့တဩနဲ့ ရင်သပ်ရှုမောသွားကြသည်။
"ဟင်! မင်းတို့ကဘာလို့ ဒီကိုရောက်လာတာလဲ"
ဂရေ့စ်ရော ဒေမွန်ရော အနည်းငယ်စိုးရိမ်ပူပန်သွားပြီး အကျိုးအကြောင်းသိချင်စိတ် များလာသည်။
"ငါတို့ကို မမေးနဲ့ သူတို့ကိုမေး" ဆိုဖာပေါ်မှာ လဲလျောင်းနေသောရိုင်ဒါက မိမိရှေ့တွင် မျက်နှာပျက်နေသောလူကြီးသုံးယောက်ကို လက်ညှိုးထိုးလိုက်သည်။
ကျန်တဲ့ ဂျွန်နီနဲ့အရီယာတို့ကလည်း ငြိမ်ငြိမ်သက်သက် ခေါင်းညိတ်ကာ အတည်ပြုသည်။
ထို့ကြောင့် ဒေမွန်ရင်ထဲလှိုက်ခနဲဖြစ်သွားပြီး ဖြစ်လာမဲ့အကျိုးဆက်တွေဟာဘာတွေလဲဆိုပြီး ထိတ်လန့်နေမိသော်လည်း မျက်နှာမပျက် ခပ်တင်းတင်းနဲ့ ဂရေ့စ်ကိုသူ့နောက်မှာကွယ်ထားပြီး သူမလက်ကိုဆုပ်ကိုင်ထားသည်။
" ကဲ......လူဆုံပြီဆိုတော့ ငါတို့ အခုပြောစရာစကားတွေရှိသွားပြီ" လော်ရန်ဇို(ဂျွန်နီနှင့်ရိုင်ဒါတို့ဖခင်)ဟာ အေးအေးဆေးဆေး ပြောလိုက်သည်။
"သမီးလေး ဂရေ့စ် ထိုင်စရာရှိတာ ထိုင်လိုက်ပါအုံး အခုပြောမဲ့ ကိစ္စက သမီးနဲ့လည်းဆက်သွယ်နေတယ်" ဆက်သ်ဟာလည်း ထိုင်ခုံပေါ်ထိုင်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားနေသည်။
YOU ARE READING
𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚
Romanceဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်များပါစေ..ဘယ်လောက်ပဲခက်ခဲပါစေမင်းကိုငါ့အနားမှာတစ်သက်လုံးထားမယ်!ဘယ်တော့မှလက်မလွှတ်ဘူး" Zawgyi ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်...