" ပြန်တွေ့ကြအုန်းမှာလား ကံကြ မ္မာ"
*******************
မည်းမှောင်နေတဲ့ကောင်းကင်အောက်မှာ ရောင်စုံမီးလုံးတွေနဲ့ အဆောက်အအုံကြီးတွေက ဒေမွန့်လက်ထဲက scotch ဖန်ခွက်ပေါ်မှာ အရိပ်သာသာ......
သူ့စိတ်ထဲမှာ ဘာမှမရှိ တစ်ဦးတည်းသောနာမည်တစ်လုံးသာ ရစ်ပတ်နေသည်။ အဲ့တာ........
"ဂရေ့စ်"
သူ ရေရွတ်လိုက်မိသည်။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ လက်ထဲက အရက်ခွက်ကို တစ်ပြင်းထဲ မော့ချလျက် အေးစက် ပြိုလဲနေသော ယောကျာ်း တစ်ယောက် အသွင် ဝရန်တာပေါ်မှ ပတ်ဝန်းကျင်ကို ငေးမောနေသည်။
" အိန်ဂျယ်......... ကိုယ့်ဆီက ဘာလို့ပျောက်သွားရတာလဲ ......."
" ဒေမွန်........" ဂျွန်နီ တစ်ယောက်ဖြည်းဖြည်းချင်းဝင်လာသည်။
ဒေမွန်ကတော့ တစ်ယောက်တည်းအမှု မဲ့ ဆက်လက် အရက်သာ သောက်နေသည်။
" ခိုလာနီ မာဖီးယားတွေ တစ်ဖြည်းဖြည်း အခြေအနေဆိုးလာပါပြီ...ငါတို့ရဲ့ လက်နက်ပံ့ပိုးသူ ကားလို့စ် လည်း သူ့လက်ထဲပါသွားပါတယ် ကြည့်ရတာဒီကောင်တွေနဂိုထဲက ဥာဏ်ဆင်ထားပြီး လူတွေကိုလိုက်စုထားတာပဲ ကျန်တဲ့ မာဖီးယားခေါင်းဆောင်တွေနဲ့ လက်နက်ပံ့ပိုးသူတွေလည်း တဖြည်းဖြည်း သူ့ဘက်ထဲပါနေပါတယ်........အထူးသဖြင့် အခုနှစ်ထဲမှာ ဗယ်လော့ခ် ဒီယွန် ( အက်စ်မာရေး ဖခင်) လည်း ဖရန့်တို့နဲ့ ပူးပေါင်းမယ်လို့ ကျွန်တော်သိရပါတယ်......... ပြီးတော့ ငါတို့ရဲ့နယ်မြေတွေကို သူတို့ တဖြည်းဖြည်းကျူးကျော်ခံနေရတယ်လို့ အခုလေးတင် သတင်းရရှိပါတယ်........" ဂျွန်နီ ပြောပြောပီးချင်း မခံမပြင်းဖြစ်လျက်
" ငါတို့နား မှာဘယ်သူကျန်ခဲ့လဲ........." ဒေမွန် အခုထိဟန်မပြတ် အရက်သောက်ရင်း မေးသည်။
" Russian mafia (ရုရှား မာဖီးယား) ၊ Spanish mafia (စပိန် မာဖီးယား)က တော့ ငါတို့နဲ့ ဆက်ရှိနေတုန်းပါ သူတို့နဲ့လက်နက်တွေ ကိုလည်းဆက် မျှဝေပေးနေပါတယ်........"
"ရိုင် ဒါ အခြေအနေကရော......." ဒေမွန် ထပ်မေးမြန်းသည်။
" သူအခု ထိ အီတလီမှာ ဗယ်လော့ခ် (အက်စ်မာရေးဖခင်) နဲ့ ဖရန့် တို့ဆက်ဆံရေး ကို ဆက်လက် စောင့်ကြည့်နေတုန်းပါ ..... ဒေမွန် ဗယ်လော့ခ် ဖရန့်လက်ထဲပါသွားရင် ငါတို့သွားပြီ!"
YOU ARE READING
𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚
Romanceဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်များပါစေ..ဘယ်လောက်ပဲခက်ခဲပါစေမင်းကိုငါ့အနားမှာတစ်သက်လုံးထားမယ်!ဘယ်တော့မှလက်မလွှတ်ဘူး" Zawgyi ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်...