*ဦးလေးငယ်*
Zawgyi
..............အိမ်အပြန်လမ်းတောက်လျှောက် စကားလုံးဝမပြောတော့တဲ့ ကလေးငယ်ကြောင့် Chanyeolကားမောင်းနေရင်းစိတ်မောနေရသည်။စိတ်ကလုံးဝမဖြောင့်။
မကြာခဏလှည့်ကြည့်နေမိသော်လည်း တစ်ဖက်သို့ခေါင်းစောင်းထားကာ အိပ်နေလေသည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဟန်တော့မတူ...မောပန်းလွန်းလို့ မျက်လွှာအသာချရင်းနားနေသည့်ပုံပင်။
ခပ်တင်းတင်းစေ့ပိတ်ထားတဲ့မျက်ဝန်းလေးတွေနှင့် နှာခေါင်းလုံးလုံးလေးမှာရဲရဲနီနေကာ မျက်ခွံအစ်အစ်ဖောင်းဖောင်းလေးတွေနှင့် တဆတ်ဆတ်တုန်ယင်နေဆဲနှုတ်ခမ်းပါးလေးတွေကိုပါ သတိထားကြည့်မိတာကြောင့် ဘယ်လောက်ထိရှိုက်ကြီးတငင်ငိုခဲ့ရလည်း မြင်တွေ့နေရသည်။
Chanyeol Toiletအထဲမှထွက်ထွက်ချင်း ကြားလိုက်ရတဲ့ဆူညံသံကြောင့် ဆိုင်အရှေ့ဘက်လှမ်းအကြည့် မတ်တပ်ရပ်ကာငိုနေတဲ့ ကလေးငယ်ပစ်လဲသွားတာကိုပါ တစ်ဆက်တည်းမြင်တွေ့လိုက်ရတာကြောင့် မျက်လုံးတွေပါပြာဝေမတတ်တစ်ကိုယ်လုံးထူပူပြီး ထိုနေရာဆီအပြေးသွားမိခဲ့တာ...
"ကလေးငယ်...ကလေးငယ်!!!ဘယ်လိုဖြစ်တာလဲ"
ထိုအချိန်ခဏ ကွဲကြေနေတဲ့ကြွေစတွေကြားမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ကလေးငယ်ပုံရိပ်က Chanyeolဦးနှောက်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ စိုးရိမ်တကြီးဖြစ်နေစေသည်။Chanyeolကလေးငယ်ရှေ့ဒူးထောက်ထိုင်လိုက်ကာ ပွေ့ဖက်ရန်ပြင်လိုက်စဉ်....
ရုတ်တကြီးလည်ပင်းကိုသိုင်းဖက်လာကာ နှုတ်ခမ်းတွေကိုအတင်းနမ်းရှိုက်လာသော ကလေးငယ်ကြောင့် ထိုအချိန်က Chanyeolဦးနှောက်တွေအလုပ်မလုပ်တော့တာကိုပါ ပြန်သတိရလိုက်မိသည်။ကလေးငယ်နမ်းလာသည်က
နူးညံ့ညင်သာတဲ့အနမ်းမျိုးလုံးဝမဟုတ်။သူပိုင်ဆိုင်တဲ့အရာလွတ်မထွက်သွားခင် ခြေကုပ်ခြေခဲဖမ်းဆွဲထားတတ်တဲ့ကလေးငယ်ငယ်လေးတွေရဲ့ပုံစံမျိုး...အပေါ်တလှည့် အောက်တလှည့်စုပ်ယူကာနမ်းရှိုက်နေတဲ့ ကလေးငယ်ရဲ့နှုတ်ခမ်းသားနုနုကို ခံစားလိုက်ရသည့်အပြင် မျက်ရည်စတို့၏ငန်ကျိကျိအရသာကိုပါ Chanyeolမှတ်မိနေသေးသည်။
BINABASA MO ANG
*ဦးလေးငယ်*(Book-2)
FanfictionS-2မဟုတ်သော ဦးလေးငယ်၏အပိုင်းဆက် အရင် @bkhyun88 ဝင်မရ ေတာ့လို့ updateနောက်ကျခဲ့ရတဲ့အတွက် တကယ်အားနာရပါတယ်။ Covered by @Windi_622