*ဦးလေးငယ်*
Zawgyi
................"တကယ်ကြီးလား ဦးလေးငယ်ကမင်းကို...တကယ်"
Ph screenမှာပေါ်နေတဲ့ Kaiမျက်နှာပြူးပြူးပြဲပြဲကိုမှ အံ့သြသည့်ဟန်မျက်လုံးတို့ကလည်းဝိုင်းစက်လို့...
"ငါပျော်သင့်တယ်မဟုတ်လား Kai ah~~"
"ဒါပေါ့...ငါတောင်ဒီလောက်ပျော်နေတာ မင်းကပိုပျော်သင့်တာပေါ့"
"Omm"
"ဘယ်လိုဖြစ်တာလဲ မင်းကိုကြည့်ရတာမပျော်သလိုပဲ ဘာတွေတွေးနေပြန်ပြီလဲ ငါ့ကိုစိတ်ပူရအောင်မလုပ်နဲ့!!! အဲ့မျက်နှာအမူအရာငါမကြိုက်ဘူးနော်"
"ဘယ်လိုလုပ်မလဲ Kim Kai ငါမယုံဘူးဖြစ်နေတယ် "
"အရမ်းအံ့သြပြီးမယုံနိုင်ဖြစ်နေတာနေမှာပါ မင်းဟာက"
"မဟုတ်ဘူး...အဲ့လိုမျိုးမဟုတ်ဘူး ငါ့ရဲ့နာကျင်နေပြီးသားနှလုံးသာက ငါ့စိတ်နဲ့ထပ်တူကျနေတာထင်တယ် မယုံရဲတာ မယုံချင်တာထက် ဦးလေးငယ်ငါ့ကိုချစ်သူတစ်ယောက်လိုချစ်တယ်ဆိုတာ ယုံကိုမယုံတာ"
"မင်းကမင်းစိတ်ကိုမင်းညှင်းဆဲနေတာပဲ Baekhyun"
အားမလိုအားမရဖြစ်နေတဲ့Kaiက Baekhyunစကားတို့ကို ထောက်ခံလိုခြင်းအလျဉ်းရှိမနေ...
Baekhyunလည်းKaiရဲ့ဖြောင်းဖြစကားတို့ကို နားထဲမထည့်မိ...ဦးနှောက်အသိကပျော်ရမယ် ပျော်ရွှင်ရမယ့်အချိန်ဆိုပြီး တဒိန်းဒိန်းနဲ့အသိပေးနေပေမယ့် Baekhyunစိတ်ကလက်သင့်မခံတော့ဘူး...
ဦးလေးငယ်ကျွန်တော့်ကို ပြန်ချစ်ကြည့်ဖို့ဆိုပြီး အများကြီးကြိုးစားခဲ့ရမှာပဲ...အများကြီးလည်းပင်ပန်းခဲ့မှာ...
ကိုယ်တိုင်လည်းအရမ်းပင်ပန်းနေပြီမို့လို့ နှစ်ယောက်စလုံးဆက်ပြီးနာကျင်နေရမယ့်လမ်းကိုမလျှောက်ကြည့်ချင်တော့ဘူး။"အရမ်းအတွေးမများပါနဲ့ငါ့ကောင်ရာ လူတိုင်းမှာအခွင့်အရေးဆိုတာရှိသင့်ပါတယ် မင်းစိတ်နဲ့တစ်ဖက်သတ်ဆုံးဖြတ်ချက်မချခင်ဦးလေးငယ်ကိုအရင်လေ့လာကြည့်ပါဦး အနီးကပ်အတူတူနေနေရတဲ့မင်းကအများကြီးပိုသိမှာပါ အရှေ့မှာအများကြီးတောက်လျှောက်ချစ်ပေးလာခဲ့ပြီးမှအခုကျမှဘာလို့လဲ "
CZYTASZ
*ဦးလေးငယ်*(Book-2)
FanfictionS-2မဟုတ်သော ဦးလေးငယ်၏အပိုင်းဆက် အရင် @bkhyun88 ဝင်မရ ေတာ့လို့ updateနောက်ကျခဲ့ရတဲ့အတွက် တကယ်အားနာရပါတယ်။ Covered by @Windi_622