Unicode
..................အိမ်ရှေ့ကားရပ်လိုက်သည်နှင့် Baekhyunမျက်လုံးအစုံတို့ပြူးကျယ်သွားရလေတော့သည်။ခြံစည်းရိုးတစ်လျှောက်သွယ်တန်းထားတဲ့နီယွန်မီးသီးအလုံးငယ်လေးတွေကအရင်နေ့များနှင့်ခြားနားစွာ အတွင်းပိုင်းမှအိမ်ငယ်လေးကိုRomanticဆန်စွာပင်အလှဆင်ထားလေသည်။
ကားစက်ရပ်ပြီးသည်နှင့်ဦးလေးငယ်ကားပေါ်မှဆင်းသွားကာ ကားနောက်ဖုံးမှပစ္စည်းတွေကိုသယ်ထုတ်နေလေပြီ။အကိုJohnyနဲ့တွေ့ပြီးကတည်းက မျက်ခုံးတွေတွန့်ချိုးထားကာတစ်ခုခုကိုအလေးအနက်တွေးနေပုံရတဲ့ဦးလေးငယ်သည်အပြန်လမ်းတစ်လျှောက်လုံးBaekhyunကိုစကားတစ်ခွန်းတောင်မပြောခဲ့ပါ။တစ်ခုခုကိုသာအသည်းအသန်တွေးနေသည့်ပုံပေါ်နေသည်။
Supermarketမှဝင်ဝယ်လာတဲ့ပစ္စည်းတွေလက်နှင့်အပြည့်သယ်ထုတ်လာပြီးပါမှ
"ရေအရင်ချိုးလိုက်ကလေးငယ် ပြီးရင်ညစာစားရအောင်"
Baekhyunခေါင်းညိတ်ပြလိုက်သည်နှင့်အထုပ်တွေဆွဲကာ အိမ်ထဲဝင်သွားလေတော့သည်။နီယွန်မီးရောင်အောက်သေချာမြင်တွေ့လိုက်ရပါသောဦးလေးငယ်သည်Baekhyunမျက်နှာကိုတစ်ချက်ပင်မော့ကြည့်မလာသလို လုံးဝကိုမျက်လုံးချင်းမဆိုင်လာပါ။သူပြောချင်ရာပြောပြီးသည်နှင့်ချက်ချင်းလှည့်ပြီးအိမ်ထဲဝင်သွားခြင်းမျိုးဖြစ်သည်။
ခပ်ရဲရဲဖြစ်နေသောမျက်နှာထားတင်းတင်းကတစ်ခုခုကိုစိတ်တိုနေသည့်ပုံမို့ Baekhyunအလိုက်သင့်လေးနေရန်သာဆုံးဖြတ်လိုက်သည်။အိမ်ကိုမီးပေါင်းစုံဖြင့်အလှဆင်ထားခြင်းအကြောင်းအရင်းကိုသိချင်ပေမယ့်လည်း မြိုသိပ်လိုက်ပါတော့သည်။
Baekhyunရေချိုးခေါင်းလျှော်ခြင်းကိုတစ်နာရီနီးပါးအချိန်ဖြုန်းပစ်လိုက်သည်။လက်ထပ်မှတ်ပုံတင်တဲ့ကိစ္စအဆင်ပြေခဲ့လားလည်းမမေးကြည့်ရသေးသလို ဦးလေးငယ်မျက်နှာရဲ့ရာသီဥတုအခြေနေကလည်း ဘာကြောင့်မှန်းရေရေရာရာသိခွင့်မရသေး။မေးခွင့်ရှိရဲ့လားကလည်းမသေချာမရေရာ။
သောက်ကျိုးနည်းဘဝကြီး...
ဘယ်လိုစကားမျိုးရွေးပြောသင့်သလဲ၊ဘယ်လိုပုံစံမျိုးဆက်ဆံရမလဲ လူအများနဲ့ဆက်ဆံဖို့Communicationဘာသာရပ်ကို Training ကာလကသင်ကြားခဲ့ရပေမယ့်လည်း ဦးလေးငယ်ဆီချဉ်းကပ်ဖို့ အခုထိခေါင်းခဲနေရတုန်းပဲ။
STAI LEGGENDO
*ဦးလေးငယ်*(Book-2)
FanfictionS-2မဟုတ်သော ဦးလေးငယ်၏အပိုင်းဆက် အရင် @bkhyun88 ဝင်မရ ေတာ့လို့ updateနောက်ကျခဲ့ရတဲ့အတွက် တကယ်အားနာရပါတယ်။ Covered by @Windi_622