Fate?

1.1K 92 16
                                    

~ နှစ်ပေါင်း ၃၀၀၀ ကျော် နတ်ဘုံနတ်နန်းနှင့်မခြား သာယာလှပပီးပျော်စဖွယ်အတိဖစ်ခဲ့တဲ့ Spirit Worldကြီးက အခုတော့နေရာတိုင်းလိုလို ကပ်ဆိုးအငွေ့အသက်တွေ Devil တွေကအပြည့်စိုးမိုးထားဆဲ
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ Nari ဝေခွဲမရချေ
သူမ သိသည်သည်ကား သူမ၏ သွေးသားရင်းနှင့်မခြားသော Spirit များဆီမှ Nari Sama ကိုတိုင်တည်ပါတယ်ဟူသောဆုတောင်းသံများသာ Spirit World ရဲ့
နတ်ဘုရားမတစ်ရောက်အနေနဲ့ သူမစွမ်းသလောက်ကယ်တင်ရန်ကြိုးစားသော်ငြား သူမအစွမ်းများမှာ
Spirit World တစ်ခုလုံးကိုကယ်တင်နိုင်သည်ထိအားမကောင်းခဲ့

သူမ၏လက်အောက်ခံ spirit များတစ်‌ယောက်ပီးတစ်ယောက် ပျောက်ကွယ်သွားသည်ကို ကြည့်ရုံကလွဲသူမတတ်နိုင်စွမ်းမရှိခဲ့ သူမအသက်ရှင်ဖို့တောင်ရုန်းကန်နေရသည်အထိ သူမပျော့ညံ့ခဲ့လေသလား ဒီလိုနဲ့ပဲ
နှစ်ပေါင်း ၃၀၀၀ ကျော်ကာကွယ်လာခဲ့တဲ့ Spirit World ကြီးကအဆုံးသတ်‌တော့မှာလား နတ်ဘုရားတို့ရဲ့အရှင်သခင်ကရောသူမကိုစွန့်ပစ်ခဲ့လေပီလား

အတွေးများကြားနစ်မွန်းနေခဲ့သည့်သူမအားအသိပြန်ကပ်စေတာက သာယာလှတဲ့ဂီတသံ
ကြားရသူတိုင်းစိတ်နှလုံးအေးချမ်း‌စေသည့်တေးသံ၏‌ နောက်တွင်Spirit World တစ်ခုလုံးသာမက
ကောင်းကင်တစ်ဆုံးဖောက်ခွင်းသွားသည့်အလင်းရောင်
ထိုအလင်းရောင်ကျရောက်သည့်နေရာတိုင်းမှ Devil များ မကောင်းဓာတ်ချုပ်ငြိမ်းကာ သန့်စင်သော Spirit များအဖြစ်ပြောင်းလဲကုန်သောဤမြင်ကွင်း
နွေးထွေးလိုက်တဲ့အလင်းရောင်ပါလား သူမအတွေးမဆုံးမီ~

"Nari Sama , Nari Sama , Nari Sama.............. "

Fox spirit မျိုးနွယ်စုမှ မိမိ အ‌စောင့်အရှောက်တဖစ်လဲမြေခွေးမလေး Seyoung ၏ ၃၁ဘုံကြားနိုင်သောအော်သံကြောင့် သူမအသိစိတ်ပြန်၀င်လာခဲ့သည်

"Seyoung ဘယ်နှစ်ခါဆုံးမမှအမှတ်ရှိမှာလဲ မိန်းကလေးဆိုတာသိမ်မွေ့ညင်သာစွာနေရမယ်လို့ အထူးသဖြင့် Spirit World တစ်ခုလုံးရဲ့ နတ်ဘုရားမဖစ်တဲ့ ငါ့ရဲ့ အစောင့်အရှောက်နင်က ကီမိုနိုကိုမပီးအော်ဟစ်နေတာ လူမြင်လို့မှကောင်းရဲ့လား"

"Nari Sama အပြစ်လေအကြိမ်ကြိမ်ခေါ်နေတာတောင်အတွေးလွန်နေ‌ပီး ကျွန်တော်မျိုးမက အခုလိုအော်မှသတိပြန်ကပ်တာကို"

Save me Save YouWhere stories live. Discover now