' Sunoo Sama နတ်ဘုရားတစ်ပါးအနေနဲ့ လူသားတစ်ယောက်ကိုတာ၀န်ယူမယ့်ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲဆိုတာကိုသိရဲ့လား '
' Nari Same မဖစ်နိုင်ပါဘူး ကျွန်တော် အပြင်းအထန်ကန့်ကွက်ပါတယ် '
ဂျောင်၀န်း ဆိုသော Cat spirit မှစ၍
နန်းဆောင်အတွင်းရှိ Spirits အားလုံးထံမှတစ်ညီတစ်ညွတ်တည်း ကန့်ကွက်ကြောင်းအသီးသီး ထွက်လာခဲ့သည်ရုတ်ချည်းတင်းမာသထက်တင်းမာလာသော အခြေအနေတွေကိုကြည့်ပီး Sunghoon နားမလည်တော့ ပီးတော့
အကောင်ပေါက်က နတ်ဘုရားတဲ့လား မြင့်မြတ်တဲ့ Spirit အနွယ်၀င်ဖစ်မယ်လို့တော့ ခန့်မှန်းထားပေမဲ့ နတ်ဘုရား တစ်ပါးဆိုတာကတော့ Sunghoon ကိုပါအံ့ဩသင့်စေခဲ့သည်'အားလုံးတိတ်စမ်း..' ဟူသော Nari နတ်ဘုရားမ၏အမိန့်ပေးသံကြောင့် ချက်ချင်း တိတ်ဆိတ်သွားသော နန်းဆောင်
' Sunoo မင်းပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကို မင်းသေချာသိရဲ့လား '
'ဟို....ဒီလူသားရဲ့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဟာကြီးကြောင့် အရှင်မတို့က ဒီလူသားကို ပြန်မလွှတ်နိုင်တာ မဟုတ်လား
အက်တာကြောင့် ကျွန်တော်နဲ့ ထိုလူသားကြားမှာ
လူသားနဲ့ Spirit စာချုပ်ချုပ်ဆိုပီး စောင့်ကြည့်ပေးမယ်လို့ပြောတာပါ ''စာချုပ်ရဲ့ အဓိပ္ပာယ်ကိုကော Sunoo သေချာနားလည်ရဲ့လား '
'ဟို လူသားနဲ့ Spirit စာချုပ်ချုပ်ဆိုပီးရင် Spirit ရဲ့အစွမ်းကို လူသားကငှားယူသုံးစွဲနိုင်တာမဟုတ်လား အာ့တာအပြင် Spirit ကလည်း ကိုနဲ့စာချုပ်ချုပ်ဆိုထားတဲ့ လူသား ဘယ်နေရာမှာရှိတယ်ဆိုတာကို သိနိုင်တယ်လေ '
'ဟင်း....အာ့တာအကုန်မဟုတ်သေးဘူး Sunoo Sama
တစ်ခြားအချက်တွေကျန်သေးတယ် '' Spirit တွေက နှစ်တစ်ထောင်ကို လူသားတစ်ယောက်နဲ့သာ စာချုပ်ချုပ်ဆိုခွင့်ရှိပါတယ် စာချုပ်ချုပ်ဆိုပုံမှာက(၂)မျိုးရှိတယ်'
' ပထမတစ်မျိုးက လူသားနဲ့Spirit နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ဖစ်ပီး Sunoo Sama ပြောသလိုပဲ Spirit ရဲ့စွမ်းအားကိုငှားယူသုံးစွဲနိုင်တာပါ ဒါပေမဲ့လို့ နှစ်ဦးသဘောတူစာချုပ်ဖစ်တာကြောင့် လူသားရဲ့ စွမ်းအားနဲ့ Spirit စွမ်းအားက တိုက်ရိုက်အချိုးကြပါတယ် လူသားကသူ့မူလအစွမ်းကို ၅၀ရာခိုင်နှုန်းသုံးနိုင်ရင် သူနဲ့စာချုပ်ချုပ်ထားတဲ့ Spirit ရဲ့ အစွမ်းကိုလည်း ၅၀ရာခိုင်နှုန်းပဲငှားယူသုံးနိုင်မှာပါ