Dragonia တိုင်းပြည်ရှိပြည်သူများမှာ မင်းသားလေး Park SungHoon ရဲ့ 11 နှစ်ပြည့်မွေးနေ့မင်္ဂလာရက်အား ဆင်နွှဲကြရင် ပြင်နေဆင်နေကြသည်မှာ တိုင်းပြည်အနှံ့ ခြိမ့်ခြိမ့်ကားစည်ကားလျက် ပွဲတော်ကြီးတစ်ခုအလားပင်......Dragonia နန်းတော်အတွင်းမှာလည်းအလားတူပင် နန်းတော်တစ်ခုလုံးရှိအစေခံများကိုယ်စီအလုပ်များနေကြစဉ်.............
"သားတော်......သားတော်.......သားတော်ပတ်"
အဆောင်တွင်းမှ မိဖုရား ShinHyeရဲ့သားတော်ပျောက်ရှာနေသံ
"အော် ဒီကလေးနဲ့မွေးနေ့အတွက် တစ်တိုင်းပြည်လုံးကပြည်သူတွေကိုမျက်နှာထွက်ပြဖို့ ပြင်ဆင်ရပါ့မယ်ဆိုနေ ဘယ်များသွားဆော့နေပြန်လဲကွယ်"
"ကိုကိုမင်းသားရှိတဲ့နေရာကျွန်တော်သိမယ်ထင်တယ် ကျွန်တော်သွားရှာလာခဲ့ရမလား တီတီဖုရား"
နောက်ကြောမှထွက်လာသည့်ချစ်စဖွယ်အသံပိုင်ရှင်ကား လက်တစ်ဖက်ထဲတွင်ကပြောင်းဖူးပြုတ်
ကျန်တစ်ဖက်က ရှည်လျား၍ကြမ်းပြင်ထိကြနေသော၀တ်ရုံရှည်ကိုကိုင်လျက် ချစ်စရာ့ပန်ဒါပေါက်အသွင်လုံးလုံးကစ်ကစ် နီရဲနေသောပါးမို့မို့လေးနှစ်ဖက်ပိုင်ရှင် မင်းကြီး၏ညီတော်ဖစ်သောသမားတော်ပတ်ရဲ့ သားငယ် ပတ်ဂျုံဆောင်း ခေါ် ပြောင်းဖူးအရှင်သခင် (ဤနာမည်ပြောင်ရရှိသွားပုံက နတ်သုဒ္ဒါကဲ့သို့အရသာရှိလှပါတယ်ဆိုတဲ့ဘုရင့်စားဖိုဆောင်ကအစားအသောက်များကိုကျော်လွန်ကာ ပြောင်းဖူးပြုတ်ကိုသာ တန်းတန်းစွဲ စားလွန်းတာကြောင့် ဘုရင်ကြီးမှချစ်စနိုးဖြင့်ပေးတော်မူသော ဘွဲ့နာမတော်ကိုရရှိခဲ့လေခြင်းဖစ်သည်)"ဂျုံဆောင်းလေးသိတာလား ကိုကိုဆောင်းဟွန်းဘယ်မှာလဲဆိုတာ ဒါဆို တီတီဖုရားကပြင်စရာတွေရှိသေးလို့ ဂျုံးဆောင်းလေးက အထိန်းတော်ကြီးတွေနဲ့အတူတူသွားပီး ကိုကိုဆောင်းဟွန်းကိုခေါ်လာခဲ့ပေးနော်"
"ဟုတ်...တီတီဖုရား စိတ်ချ ကိုကိုမင်းသားကိုခေါ်ခဲ့မယ်" ဟုဆိုကာနန်းတော်အနောက်ဆောင်ဘက်ကရေကန်ကိုဦးတည်ပြေးသွားသော တူတော်မောင်ပေါက်စ
"ကိုကိုမင်းသားရေ.....ကိုကိုမင်းသား.....တီတီဖုရားခေါ်နေတယ်လို့"အော်သံသေးသေးလေးဖြင့်အော်ခေါ်လျက်
ပုံမှန်ဆို ကိုကိုမင်းသားက ဒီရေကန်နားမှာပဲရှိတာပါ ဘယ်ရောက်သွားပါလိမ့်ဆိုကာ ရှာနေစဉ်