ဟူးးးး...အရောင်အသွေးစုံလင်တဲ့တိမ်စိုင်များတိမ်ခဲများဖြင့်တန်ဆာဆင်ထားသည့် ညနေခင်းဆည်းဆာအလှအားငေးမောရင်းလေပြလေအေးကြား ခပ်ရှည်ရှည်သက်ပြင်းတစ်ခုကိုချမိလိုက်သောမြေခွေးပေါက်လေး....
'တောင်းပန်ပါတယ်'
ဘယ်အချိန်ကတည်းရောက်နေမှန်းမသိသော ထိုလူသားထံမှထွက်လာသည့်တောင်းပန်စကားး
'တောင်းပန်ပါတယ် ပြီးတော့ ကျေးဇူးတင်ပါတယ် Sunoo Sama ကိုယ်နဲ့စာချုပ်ချုပ်ဖို့ခွင့်ပြုပေးလို့နောင်တမရစေရပါဘူး '
'ယုံပါတယ် ခင်ဗျားသာဆို ခန္ဓာကိုယ်ထဲကအကောင်ကိုသာထိန်းနိုင်ရင် လူ့ကမ္ဘာမှာ ခင်ဗျားထက်စွမ်းအားကြီးတဲ့လူမှမရှိနိုင်တော့တာ ကျွန်တော့်မျက်လုံးကိုဘယ်သူ့မှလိမ်လို့မရဘူးလေ ခင်ဗျားကိုစမြင်ကတည်းက လူသားလို့မထင်ရအောင် လျှံထွက်နေတဲ့ Aura တွေကိုမြင်နေရတာပဲ'
'အခုလိုယုံပေးလို့ထပ်ပြီး ကျေးဇူးတင်ပါတယ် '
'ရပီရပီ..ကျေးဇူးတင်ရတာအတော်ကြိုက်တဲ့ လူသားပဲ
လေနဲ့ပဲတင်လို့မရဘူးလေ ဘယ်အရာမှအလကားမရဘူးဆိုတာ သိတယ်ဟုတ် တစ်နေ့ကျ ကျွန်တော်လိုချင်တာတောင်းဆိုတဲ့အခါကျခင်ဗျားဘက်က ငြင်းပိုင်ခွင့်မရှိဘူးဆိုတာမှတ်ထားရင်ရပီသဘောတူတယ်ဟုတ်?''သဘောတူပါတယ် Sunoo Sama သာလိုမယ်ဆို ကိုယ့်အသက်ကိုပါလိုလိုချင်ချင်ပေးမှာပါ'
'ဟားး....မတောင်းရဲဘူးထင်လို့လား..ဟင်းးးတကယ်တောင်းတဲ့အခါကျမှကတိတည်ပါစေ လူသား '
'ဒါနဲ့ကိုယ်တစ်ခုလောက်မေးလို့ရမလား..သိချင်စိတ်ကပြင်းပြနေလို့ ဘာကြောင့်အခုမှတွေ့တဲ့ကိုယ့်ကိုအလွယ်တကူ ကူညီပေးရတာလဲ?တကယ်ဆို Sunoo Sama နဲ့မဆိုင်တဲ့ကိစ္စပဲလေ ငြင်းလိုက်လို့ရတာပဲ နောင်တမရဘူးလားဟင်?'
'ဟောလ်....အံ့ဩစရာ..အခုပဲနောင်တရချင်သွားပီ ငြင်းလိုက်ရမလား..အခုမီသေးတယ်လေအချိန် ငြင်းပေးရမလားပြော..ကူညီပေးရင်ရပီပေါ့အတော်စပ်စုတာပဲ ခင်ဗျား'
'ဟို...ငြင်းတော့မငြင်းပါနဲ့...မမေးတော့ဘူးနော်....Sunoo Sama မဖြေချင်ရင်ရပါတယ်'
(ရုပ်တည်နှင့်ရန်စွာလိုက်တာကြောင့် မျက်နှာလေးညှိုးကြသွားတဲ့ထိုလူသား, လူသားတွေများမူယာမာယာကိုများတယ်သနားအောင်)