Is He?

483 105 13
                                    

Unicode

လိုရာကိုမောင်းနှင်နေတဲ့ ကားတွေ နဲ့ ပြာပန်းခက်
လှုပ်ရှားနေတဲ့ လူထုကို ငုံကြည့်နေရင်း လက်ထဲက မက်ဂျုကိုမော့သောက်လိုက်သည်။

ဆောင်းလေးရောယှက်နေတဲ့ လေအဝှေ့နဲ့အတူ
ယွန်းဂီ 5 stars hotel ရဲ့ အမြင့်ဆုံး ခေါင်းမိုးထပ်
မှာခြေထောက်ချကာ ထိုင်ပြီး ဆိုလ်းရဲ့ ညအလှကိုခံစားနေမိသည်။

ဆိုလ်းရဲ့ညအလှဘယ်လောက်ပဲလှပါစေ တစ်ချိန်က မြင်ခဲ့ဖူးတဲ့ အပြုံးတွေလောက်မလှပပါ။

ဘာလိုလိုနဲ့ လူပြည့်ကို သူရောက်တာ နှစ်ပေါင်း ၆ဝဝ တင်းတင်းပြည့်တော့မယ်။ အပြစ်ဒဏ်ဆိုတဲ့
ပညက်ချက်ကြောင့်သာ နေနေရတယ်ဆိုပေမဲ့
သူ့စိတ်ထဲမှာတော့ နတ်သားငယ်လေး အဆင်ပြေဖို့ကို ဦးစားပေးခဲ့တယ်လိုပဲခံယူလိုက်ပါတယ်။

ဘယ်လောက်ပဲ အချိန်ကြာကြာ နတ်သားလေး နဲ့
ပတ်သက်ရင်အခုထိ အနည်မထိုင်သေးပါ ။ အခွင့်ရှိရင်တော့ တစ်ခါလောက်တော့ မြင်ချင်သေးတယ်။

ဒီမှာပေါ်ထိုင်နေတာလဲ အတော်ကြာနေပြီမို့ အိမ်ကိုပြန်ဖို့ကိုတွေးလိုက်ပြီ လက်ထဲက မက်ဂျူ ဘူးကို လက်ထဲမှာပဲ ပျောက်ကွယ်သွားစေလိုက်သည်။

မတ်တပ်ရပ်ပြီး လှေကားပြန်ဆင်းရမဲ့ အကြောင်း
တွေးမိပြီး ဦးလေးသုံးခွင့်မပြုတဲ့ အစွမ်းတွေတစ်ခုထဲက နေရာပြောင်းရွေ့တဲ့ အစွမ်းကိုထုတ်သုံးလိုက်တော့ ဆိုလ်းမြို့ရဲ့ လမ်းကြား တစ်နေရာကိုရောက်သွားတော့သည်.. ။

*************************
ညလေတွေတိုက်ခတ်နေပြီး လရောင်ဖြာနေသော ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်။

ဟန်မြစ် တံတားရဲ့ လူပျက်သော တစ်နေရာကို အထုတ်တွေနဲ့လူတစ်ယောက် ရောက်လာပြီး အထုတ်တွေကို ဖြည်ချလိုက်သည်။

အမှန်တော့ လူဆိုတာထက် လူငယ်လေးတစ်ယောက်ပေ။

ထို့နောက် အထုတ်ထဲက ပါလာတဲ့ လင်ဗန်းတစ်ခုထဲတွင် ဆန်အနက်ကျဲထားကာ အနက်ရောင် အပ်ချည် နဲ့ ရစ်ထားသော အနီရောင် ဖယောင်းတိုင်း တစ်တိုင်ကို လင်ဗန်းအလယ်တွင်
ထားထားသည်။

𝐒𝐚𝐭𝐚𝐧'𝐬 Where stories live. Discover now