Satan's Anger

472 91 14
                                    

Unicode

ဂျိုးဖြူ ငှက်တွေပျံသန်းနေပြီး သူ့ထက်ငါ အပြိုင်
ပွင့်လန်းနေတဲ့ ကြာပန်းရေကန်ငယ်တစ်ခု...။

အဆောင်တွေနဲ့ဆက်စပ်နေတဲ့ ကူးပေါင်းတံတားငယ်လေးဘေးမှာတော့ စံပယ်ရုံတွေဟာ အများအပြားပင်။

ကူးပေါင်းတံတားနဲ့ စံပယ်ရုံတွေရဲ့ လျောက်လမ်း
ဆုံတော့ အဖြူရောင်နဲ့ အဝါရောင် ရောယှက်နေသော အဆောင်ငယ်လေး... ။

အပြင်ပန်းမှာသာ ကျေးငှက်တို့ တီတီတာတာအသံ နှင့် ပန်းရနံများက ဖူးပွင့်နေသော်လည်း အဆောင်အတွင်းမှာတော့ ထီးကျန်မှုတွေပြည့်နှက်နေသည်။

စံပယ်ရနံ့သင်းသင်းလေး မွေးကြိုင်နေတဲ့အခန်းငယ်လေးထဲမှာတော့ ပိုးသားနုတွေ ခင်းကျင်းထား
တဲ့ကျောက်ဖျာပေါ်မှာ အေးချမ်းစွာ လှဲလျောင်းနေတဲ့ ပုံရိပ်ငယ်လေး...။

ဂျီမင်..နတ်သားငယ်လေး ဂျီမင်...။
အမှားတစ်ခုကြောင့် ပြစ်ဒဏ်ခံစားနေရတဲ့ သနားစဖွယ် နတ်သားငယ်လေး။

ပိုးပုတုန်းရောင် နက်တဲ့ ဆံနွယ်တွေနဲ့ အေးချမ်းစွာ အိပ်နေတဲ့ နတ်သားငယ်က လှပတဲ့ ပုံရိပ်ယောင်လေးတစ်ခုပင်။

စိတ်နဲ့ခန္ဓာကသာ နတ်သက်ကြွေခြင်းဆိုသော အပြစ်ဒဏ်ကို ခါးစည်းခံနေရပေမဲ့ နတ်သားလေး
ရဲ့ပုံရိပ်ယောင်ကတော့ ကျောက်ဖျာထက်မှာ....။

တခြားသူတွေက အပြစ်လုပ်မိလို့ ဒဏ်ခံရတယ်
လို့မြင်နိုင်ကြပေမဲ့ ကာယံကရှင်ကရော သူတို့လို
ခံစားရမလားဆိုတာ သူကိုယ်တိုင်ပဲသိနိုင်မည်....။

************************

မျက်စိရှေ့က ကောင်လေးက မမေ့နိုင်တဲ့ နတ်သားငယ်နဲ့တူသည်။ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းဖူးဖူးလေး....။

မဟုတ်ဘူးမလား .. ကိုယ့်နတ်သားငယ်လေးမဟုတ်ဘူးမလား..။

"နတ်ဆိုးကြီး!"

အရှေ့က လူသားရဲ့အသံကြောင့် လက်ရှိအခြေအနေကို သတိရလာသည်။

"နတ်ဆိုး က ကျွန်တော် ဆင့်ခေါ်လို့ရောက်လာတာမလား"

ဆင့်ခေါ်တယ်..။ ဘာကိုဆိုလိုချင်တာလဲဆိုတာသူနားမလည်ပါ ။ သိချင်စိတ်တွေပြင်းပြနေတဲ့ လူသားတစ်ယောက်ကိုသူဘယ်လိုပြန်ဖြေရမလဲ။

𝐒𝐚𝐭𝐚𝐧'𝐬 Where stories live. Discover now