Wings

478 92 17
                                    

Unicode

နန်းဆောင်ရဲ့ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်
အခြေအနေကို ဂိတ်တံခါးမကြီး အကွယ်ကနေချောင်းကြည့်လိုက်ပြီး အခြေအနေရှင်းတာနဲ့
ဂျီမင် အင်္ကျီကို လက်နဲ့ သပ်ချပြီး နန်းဆောင်
အတွင်းသို့ဝင်လာသည်။

ဝင်သာဝင်ရသော်လဲ အမြန်ဆုံးနည်းနဲ့ မိမိရဲ့ နန်း
ဆောင်ကို အမြန်ဆုံးရောက်အောင် ခြေသုတ်
တင်နေတုန်း အနောက်ကနေ ပခုံးကိုလာထိ တဲ့
အတွေ့ကြောင့် လန့်ကာ တုန့်ခနဲ။

* ဗုဒ္ဓ မ' လို့ ခမည်းတော်မဖြစ်ပါစေနဲ့ *

စိတ်ထဲမှာ ကြိတ်ဆုတောင်းပြီ အနောက်ကို လှည့်ကြည့်လိုက်တော့

"အကိုတော် နမ်ဂျွန်း! "

"ဟား ဟား ဟား ဂျီမင် လန့်သွားပုံထောက်ရင်
မသွားရတဲ့ နယ်မြေတွေသွားခဲ့တယ် ထင်တယ်.."

အားရပါးရ ရီကာ ပြောနေတဲ့ အကိုတော်ကို ဂျီမင်
မျက်စောင်းခဲရုံသာ။ ကိုယ်လဲ ကိုယ့်အပြစ်နဲ့ ကိုယ်မလား..။

"တော်ဗျာ ခမည်းတော် ထင်လို့ လန့်သွားတာပဲ"

အလိုမကျသလို ပြန်ဖြေလိုက်တော့ အကိုတော်က
ရီခြင်းအမှုကို ရပ်သည်။

"အငယ်လေးနော် မင်း ဟိုတလောက ပန်းစွယ်
တောင်က ပန်းသွားခူးလို့ အတောင်သိမ်းခံရတာ
မမှတ်သေးဘူးလား ဒီတစ်ခါဆို ခမည်းတော်က
လူကိုပါ ထိန်းသိမ်းလိမ့်မယ်"

အကိုတော် နမ်ဂျွန်းရဲ့စကားကြောင့် နှာခေါင်းရှုံကာ
လက်ကို နောက်ပစ်လိုက်ပြီး စကားဆက်လိုက်သည်။

"အကိုတော်ပဲ သိတာ..အကိုတော်မပြောရင် မသိဘူးလေ.."

"ဒီကောင်လေး.! "

စကားဆက်ရှည်ပြီး ဆုံးမတော့မဲ့စကားတွေကို
ဂျီမင်လေး နားက လက်မခံတာမို့ အကိုတော်ကို လျှာထုတ်ပြောင်ပြကာ အမြန်ဆုံးပြေးထွက်လာ
တော့သည်။

အခန်းဆောင်ရှေ့ကိုရောက်တော့ ရှေ့နောက် လမ်းလျောက်ကာ ဗျာများစွာပျံနေတဲ့ ဂျိုးဖြူငှက် ကိုတွေ့လိုက်ရသည်။

"လီဆူ!"

ဂျီမင် လီဆူ လို့ခေါ်လိုက်တော့ ထို ဂျိုးဖြူငှက်လေးမှာ ဂျီမင်ထံကိုပျံလာပြီး လူယောင်အသွင်းပြောင်း
လိုက်ပြီး ခါးကိုင်းကာ အရိုအသေပြုသည်။

𝐒𝐚𝐭𝐚𝐧'𝐬 Where stories live. Discover now