Red String Of Fate

349 75 30
                                    

Unicode

ဂျိုဆွန်းပြည် နဲ့နီးတဲ့ တောအုပ်တစ်နေရာမှာ တိမ်မဲများအလိပ်လိုက်တက်လာပြီး လေပြင်းများ တိုက်ခိုက်လာသည်။  တောအုပ်ရဲ့ သမီးပျို သစ်ပင်ပန်းပင်များကလဲ လေပြင်းတွေရဲ့ ကကြိုးရုပ်တေလို ကြိုးဆွဲရာယိမ်းထိုးနေကြပြီး တရှဲရှဲမည်သံတွေက တေးသံတစ်ပုဒ်လို ...။

ခဏကြာတဲ့အချိန်အတွင်းမှာပဲ လေပြင်းတွေက ငြိမ်သက်သွားကာ တိမ်စိုင်များကလဲ သူတို့မဟုတ်ခဲ့သလို ပျောက်ကွယ်သွားကြသည် ။

ထိုအချိန် တောအုပ်ထဲကနေထွက်လာတဲ့ လူတစ်ဦး

အစိမ်းပုပ်ရောင် ကိုရီးယား ရိုးရာ ဝတ်စုံကိုမှ အမဲရောင် ပိုးသားခြုံလွှာဖြင့် ထပ်ခြုံထားပြီး ခါးတွင်အနီရောင် ကြိုးရှည်အား ရစ်သိုင်းထားသည်။

ကျောက်စိမ်းကြိုးများနဲ့ သွယ်ဆက်ထားသောရိုးရာဦးထုတ်ရှည်အား ဝတ်ဆင်ထားပြီး ဖြူဖွေးလှတဲ့ အသားအရေနှင့် အပြုံးမမည်တဲ့ အနည်းငယ် တွန့်သွားတဲ့ နှုတ်ခမ်းပါးတို့ဟာ နတ်ဆိုးတစ်ပါးရဲ့ ဆွဲဆောင်မှုတစ်ခုလို ...။

မည်သူမျှကို ဂရုမစိုက်ဘဲ လက်နောက်ပစ်ကာ ခြေလှမ်းတွေက မြို့ထဲဆီသို့ ... ။






"ပတ်ခ်ဂျီမင် မင်း ဘာပြဿနာမှ မရှာလာရဘူးနော်" ဆိုတဲ့ ခမည်းတော်ရဲ့ စကားကို အကြိမ်ကြိမ် ကတိ ပေးပြီးမှ သူ လူသားတွေပြုလုပ်မဲ့ ကောင်းကင်း ကန်တော့ပွဲမှာ သွားရောက် စစ်ဆေးရမည့်
တာဝန်ကို ရလာသည်။

ဒါက သူ ရဲ့ ပထမဆုံးတာဝန် ထမ်းဆောင်ခြင်းပေ။

အမှန်တော့ တခြားသော နတ်သူငယ် ၊ နတ်စစ်သည်း အနည်းအများလဲ မိမိတာဝန်ကျရာနေရာမှ ရှိကြတာ မှန်ပေမဲ့ ဂျီမင်က အလည်သက်သက်လို့ မမည်တဲ့ တာဝန်တစ်ခုပင် ။

ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အိပ်ဆောင်ရှေ့ထွက်လာတော့ လီဆူက စောင့်နေသည်။

"အရှင် သွားလို့ရပါပြီ"

"ဟုတ်ပြီ သွားကြမယ် "

ဒီတာဝန်ခရီးစဥ်ကို သူသာမကာ လီဆူပါ ရင်ခုန်နေမယ်လို့ သူထင်ပါသည်။

𝐒𝐚𝐭𝐚𝐧'𝐬 Where stories live. Discover now