Florist ~~1

1K 91 5
                                    

Unicode

‌‌'City Of Love' လို့ခေါ်ဆိုကြတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တစ်‌ေနရာတွင် အဖြူ‌ေရာင်နှင့်အဝါနုရောင်ကိုသုံးကာ ခြယ်ထားသောအခန်းငယ်။ အခန်းထဲတွင် ဒေစီ၊ လီလီ၊ နှင်းဆီ၊ နေကြာ၊ လာဗင်ဒါ စသည်ဖြင့်ပန်းအမျိုးအစားစုံလင်ကာ အရောင်အသွေးစုံလင်လှ‌သည်..။
အခန်းနံရံတွင် ပန်းခြောက်လေးများနှင့် အဝါနုရောင်မီးလုံးတို့ကိုတပ်ဆင်ကာ နံရံတွင်လည်း ပန်းချီကားများကိုအစီအရီ ကပ်ထားလေသည်။ နေရောင်ခြည်မှလာသော အလင်းရောင်ကြောင့်ပင်လား ထွန်းထားသောဝါနုနုမီးရောင်ကြောင့်ပင်လား ပန်းများကအစွမ်းကုန်ပွင့်ဖူးနေကြသောကြောင့်ပင်လားရယ်မသိ...အခန်းရဲ့အလှကပိုပြည့်စုံ‌ေနသည်။ လေအေးပေးစက်ဖွင့်ထားသော အခန်းငယ်ထဲတွင် ပန်းတို့၏အနံ့လေးများက လေနှင့်အတူစီးမြောကာ ကခုန်နေသောကြောင့် ထိုဆိုင်ငယ်ထဲဝင်လိုက်သည်နှင့်
မည်သို့ပင်ပင်ပန်းနေပါစေ လန်းဆန်းသွားစေနိုင်သည်။

သို့သော်...ဆိုင်ငယ်ထဲရှိကောင်တာတွင်ထိုင်နေသော ထိုအဖြူရောင်လူသားတော့မပါ။ အပြာနုရောင်ဆိုးထားသော ဆံသားတို့၏အောက်က ဖြူဖွေးဖွေးနေသော မျက်ခွံများကမှိတ်လျက်ရှိသောကြောင့် မျက်တောင်တိုတိုဆိတ်ဆိတ်တို့ ဝန်းရံထားသောမျက်ဝန်းတစ်စုံကို မမြင်ရ။ တစ်ချက်တစ်ချက် မသိမသာတွန့်သွားသောနှာခေါင်းဖြူဖြူလေးဟာ ဖြောင့်စင်းနေလေသည်။ မဝသော်လည်း ပြည့်နေသောပါးမို့မို့လေးက အနီ‌ေရာက်အနည်းငယ်သမ်းနေသည်။ နှင်းဆီအနီရောင်ကဲ့သို့ နီရဲနေသောနှုတ်ခမ်းပါးတစ်စုံက အိပ်ပျော်နေသည်ကြောင့် အနည်းငယ်ပွင့်ဟလျက်ရှိသည်။ ထိုအချက်္များကို စုပေါင်းပြီးကြည့်ပါက ဤအဖြူရောင်လူသားသည် လွန်စွာမှချစ်ဖို့ကောင်းလေသည်။

~ကလင်~~ကလင်~

တံခါး၌တပ်ဆင်ထားသောခေါင်းလောင်းလေး ထမြည်တာကြောင့် လူဝင်လာတာကိုသတိပေးနေသလို...သို့သော် ထိုအဖြူရောင်လူသားမှာ အိမ်မက္ ကမ္ဘာထဲရောက်နေသည်။ ခြေသံများထွက်ပေါ်လာပြီး ထိုအဖြူရောင်ကောင်လေးရှေ့ရောက်နေတာတောင် ထိုလူသားလေးကတော့မနိုးသေး။

Florist (Completed)Where stories live. Discover now