Unicode
ပြာလဲ့နေသောမိုးသားကို နောက်ခံထား၍လှပစွာ တည်ရှိနေသော အီဖယ်မျှော်စင်။ ဖြောင့်တန်းနေသောလမ်းပေါ်တွင် ရောင်စုံကားများဖြင့်ပြည့်နေသည်။ ကားလမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ပေါင်မုန့်ဆိုင်ချိစ်ဆိုင် ပြင်သစ်နာမည်ကျော် ရေမွှေးဆိုင် ဝိုင်ဆိုင် လက်ဆွဲအိတ်ဆိုင်စသည်တို့ကအစီအရီ။ လမ်းမထက်အရှိန်လေးနှင့် ပြေးနေသောကားအနီလေးက လမ်းချိုးလေးကိုကွေ့ကာ ပန်းရောင်စုံများနှင့်ပြည့်နေေသာ ပန်းဆိုင်လေးရှေ့ရပ်လိုက်သည်။ Jungkookပန်းဆိုင်ရှေ့ခြေချလိုက်သည်နှင့် အခန်းတံခါးပင်မဖွင့်ရသေး ပန်းအနံ့သင်းသင်းတို့က နှာဖျားဝမှာကလူနေပြန်သည်။ အခန်းထဲသို့အပြင်မှနေ၍ ဝေ့ကြည့်လိုက်တော့ တွေ့ပါပြီဖြူစွတ်နေသောကောင်လေးက ရောင်စုံပန်းကြားတွင်ရပ်ကာ ပန်းများကိုဂရုတစိုက်ထိုးနေသောကြောင့် ခေါင်းမှဆံစလေးတစ်ချို့က ဝေ့ဝဲကျနေသည့်ပုံမှာ အပြစ်အနာဆာမဲ့သော ပန်းချီကားတစ်ချပ်ကဲ့သို့ ...
တံခါးကိုဆွဲဖွင့်ကာ ခြေလှမ်းတစ်ချို့စွန့်ကြဲမိတော့ နှာဖျားဝကိုလာကြည်စယ်သော မွှေးရနံ့မျိုးစုံ..။ တံခါးမှတပ်ဆင်ထားသော ခေါင်းလောင်းလေးသံကြား၍ ပြင်သစ်လိုနှုတ်ဆတ်လာသောကောင်လေး။"Bonjour...bienvenue de ma fleuriste"
(မဂ်လာပါ...ပန်းဆိုင်မှကြိုဆိုပါတယ်)"Bonjour...je suis Jungkook je veux commander des fleurs"
(မဂ်လာပါ... Jungkookပါပန်းမှာချင်လို့ပါ)ပြင်သစ်လိုပြန်နှုတ်ဆတ်လိုက်တော့ ကျွန်တော့်ကိုကြည့်လာတဲ့chaton(ကြောင်ပေါက်လေး)
"Ya!!Jungkookရောက်ရင်လည်းေကာင်းေကာင်းပြောပါလား လာနောက်နေတယ်"
"Chatonကပြင်သစ်လိုနှုတ်ဆတ်တာကို"
"ငါ့ကိုဘယ်လိုခေါ်လိုက်တယ်Jungkook"
" Chatonလို့ခေါ်လိုက်တာလေ"
"Yaa...ငါမင်းထက်အသက်ကြီးတယ်နော်"
"Chatonအသက်ကဘယ်လောက္မို့လို့လဲ"
"ငါ28ရှိပြီကွ"
"Chaton hyungလေးကကျွန်တော့်ထက် လေးနှစ်ကြီးတာပဲ ဘယ်လိုလုပ်မလဲ chaton hyungကကျွန်တော့်ထက်သေးနေတာ"
YOU ARE READING
Florist (Completed)