Unicode
"chaton..."
Yoongi တံခါးကိုပင် ကြည့်စရာမလိုတော့..ဒီကောင်ကဘာလဲ အလုပ်လက်္မဲ့လား ပြတိုက်ကပြန်လာပြီးကတည်းက တစ်ပတ်လုံးဆိုင်ကိုအားအားယားယားလာနေရအောင်...ကုန်းကောက်စရာမရှိအောင် မွဲသွားရင်ငါဆီက လာကပ်စားရင်ဒုက္ခ...ဆိုင်မှာလာနေရင်လည်း လူခေါ်ထားချင်အောင်နေတာမဟုတ် ဝယ်သူတွေနဲ့စကားကြာကြာပြောမိရင် ကြားဖြတ်ေပြာရတာနဲ့
ပစ္စည်းပစ်ချပြရတာနဲ့ ပြီးရင်..ဝယ်သူတွေပြန်သွားလည်း ရည်းစားစကားအတင်းတွေလိုက်ပြော ကျွန်တော့်လိုဘဲကြည်စော်ကြည်တဲ့ လူတစ်ယောက်အတွက် ချစ်စကားကြိုက်စကားတွေက
အမြဲကြားနေရတော့ ကိစ္စမရှိပေမယ့် ဒီကောင်ကနေ့တိုင်း အသားယူကာနား နားတိုးတိုးလေးလာပြောလိုက် လက်ကိုမတော်တဆထိသလိုကိုင်လိုက် ခါးကိုမသိမသာတစ်မျိုး သိသိသာသာတစ်ချိုးဖက်လိုက်နဲ့ အနောက်တိုင်းမှာနေတာမှန်ပေမယ့် တစ်ခါမှအဲ့လိုမခံရဘူးတဲ့ကျွန်တော့်အဖို့ ရှက်စရာကောင်းလွန်းသည်..။
မရတော့..သူကိုမရရအောင်နှင်ထုတ်ရတော့မည်။"Jungkook...မင်းအလုပ်မရှိဘူးလား အားအားယားယား"
"အလုပ်လား ရှိတာပေါ့"
"ရှိရင်သွားလုပ်ပါလား ဘာလို့နေတိုင်းငါ့ဆီပဲလာနေရတာလဲ"
"အလုပ်ကအပြင်မှာရှိတယ်လို့ ကိုယ်မပြောမိဘူးနော်...အလုပ်ကအခု ကိုယ့်ရှေ့မှာပဲကို အဲ့ဒါပဲလုပ်မှာပေါ့"
"မင်းဘာ..ဘာစကားပြောတယ်"
"အဟော..ချစ်စကားပြောဖို့အလုပ်လေ chatonလေးကဘာတွေတွေးနေတာလဲ မျက်နှာတောင်နီနေပြီ မဟုတ်တာတွေတွေးနေတာပဲကြောင်ဆိုးလေးက"
"ဘာ..ဘာတွေးနေလို့လဲ"
"အဲ့ဒါတော့ကြောင်ဆိုးလေးပဲသိမှာပေါ့"
"သူများကိုကျကြောင်ဆိုးတဲ့ သူကျယုန်နှာဘူးပွကြီး"
"အော်...ကိုယ်ဘယ်မှာဘူးလို့တုန်း ဘူးရင်တောင်chatonလေးအတွက်ပဲ ဘူးတာနော်"
"စကားတော်တော်များတာပဲ အလုပ်မရှိအကိုင်မရှိ"
"အလုပ်အကိုင်မရှိဘူးဆိုတာ ခင်ဗျားလေးဘာကိုကြည့်ပြီးပြောတုန်း ကိုယ်ကအေဖ့ရဲ့လက်ကိုင်အိတ်companyမှာမန်နေဂျာနော်"
STAI LEGGENDO
Florist (Completed)