Florist~~6

345 66 17
                                    

Unicode

"chaton hyung....သွားမယ်လေနော်..နော်လို့"

"မသွားဘူးဆိုနေ.."

"ဟာလုပ်ပါ အမေတို့အိမ်မှမရှိတုန်း"

အဖေရောအမေပါ Koreaကိုအရေးတကြီးသွားသည်ဟုဆိုကာ ကျွန်တော့်ဆိုင်‌ေရှ့တွင်ဆိုင်ဖွင့်ခင်တည်းက လာသောင်တင်နေသူ...သောင်တင်တော့လည်းကောင်းကောင်းမနေ Place de la Concordeကိုသွားမယ်ဟုသာ တသွင်သွင်အော်နေတော့သည်။ ဒီတံတားလေးနဲ့ပြည်သူ့ရင်ပြင်ပဲကို သူတစ်ယောက်တည်းသွားလည်း ဘာဖြစ်မှာမို့လို့လဲ...သူ့ကိုပဲလာခေါ်နေတယ် မအားပါဘူးဆိုတာကို နားကလည်းပူလာပြီမို့ စိတ်သာလျော့ချလိုက်ရသည်။

"လိုက္မယ်ကွာ ပါးစပ်ကိုပိတ်လိုက်တော့"

"အဲ့ဒါဆိုသွားရအောင်chaton"

စကား‌သံအဆုံးကားသော့ကိုကောက်ကိုင်ကာ ထရပ်လိုက်သောကြောင့် လန့်သွားရသည်။ သူကတော့ long coatကြီးနဲ့ လူကြီး‌လူ‌ကောင်းဆန်နေပြီး ကိုယ်ကျတော့ဂျင်းအပြာနဲ့ အသားရောင်လည်ပိတ်ဆွယ်တာအပွနဲ့မို့ မိန်းကလေးလိုလိုကလေးလိုလိုနဲ့ဖြစ်နေသည်။

"ငါအဝတ်အစားလဲဦးမယ် သွားလို့မရသေးဘူး"

"Chatonလေးကလည်း ဒီလိုပုံစံနဲ့လည်းဘာဖြစ်လဲ ချစ်ဖို့ကောင်းတာကို"

"Publicကြီးထဲငါကဒီလိုလျှောက်သွားစရာလား"

"ပြတိုက်သွားတာကျတော့ဆွယ်တာနဲ့ ဂျင်းဘောင်းဘီနဲ့ပဲဟာ"

"မတူဘူးလေ ငါနဲ့ဒီဝတ်စံုကအဘိုးကြီးပုံပေါက်နေတာ"

"အော်ဟော ဘယ်သူပြောလဲအဘိုးကြီးပုံပေါက်တယ်လို့ ဒီလောက်ချစ်ဖို့ကောင်းနေတာ အိမ်နေရင်းဝတ်စုံနဲ့သွားလည်း chatonကိုယ်လေးကပန်းနံ့လေးက သင်းနေရော ရုပ်လေးကလည်း နုဖက်နေရောကို..."

"အဟဲ..အဲ့ဒါဆိုလည်းဒီတိုင်းပဲသွားကြတာပေါ့"

လည်ဂုတ်ကိုပွတ်ကာ မျက်နှာနီနီဖြင့်gummy smileလေးပေါ်အောင် ပြုံးပြီးသွားဖို့ပြောလာသူကြောင့် chatonလေးကအမြှောက်လည်း ကြိုက်တယ်ဟုပင်စိတ်ထဲကတွေးမိပြန်သည်။ကားနီလေးကိုအရှိန်မြှင့်ကာ လမ်းလေးထက်ရွေ့လျားစေလိုက်သည်။ တိမ်လေးတွေဟာလည်း ကားလေးနောက်သို့တစ်ရွေ့ရွေ့...သို့သော် တစ်နေရာအရောက်တွင်ရပ်လိုက်သောကားကြောင့်

Florist (Completed)Tempat cerita menjadi hidup. Temukan sekarang