1

1.4K 56 4
                                    

အဖြစ်အပျက်တွေဟာ ဘယ်က စတင်ခဲ့ပါသလဲ ။

ဝမ်ဟာ ကိုယ့်ကျဲကျဲနဲ့ လက်ထပ်တော့မယ်တဲ့လား ။ နားနေခန်းမှာ ထိုင်နေတဲ့ သတို့သား ဝမ် ၊ မင်းဟာ ကိုယ့်စိတ်ရိုင်းကို အရမ်းလှုပ်နိုးနိုင်လွန်းတယ် ။

Suit အဖြူနဲ့ လိုက်ဖက်တင့်တယ်နေလွန်းတဲ့
ဝမ် ၊ ခက်လိုက်တာ ဝမ်ကလေးရယ် ။
မင်းဟာ ကိုယ့်ရဲ့သတိပေးစကားတွေကို
နားမဝင်ခဲ့ဘူးပဲ ။

အသင့်ပြင်လာတဲ့ ပန်းစည်းကို ဝမ့်လက်ထဲ
ထိုးထည့်ပေးမိတော့ ဝမ်ဟာ မော့ကြည့်လာတယ် ။ ဝမ့်မျက်လုံးအကြည့်တွေက
စိုးရိမ်ဟန်နဲ့ကြောက်ရွံ့ဟန် ၊ ရှက်ရွံ့ဟန်
တစ်စိုးတစ်စိမှ မပါ ၊ သာမန်လို ကြည့်နေခဲ့တယ် ။

ဝမ်က သူ့လက်ထဲက ပန်းစည်းကို ကြည့်တယ် ။ ပြီးတော့ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တယ် ။

" ရူးနေလား ၊ Mr. Xiao. ယောကျ်ားတစ်ယောက်ဖြစ်တဲ့ ငါ့ကို ပန်းလာပေးရအောင် ။
ပြီးတော့ ငါ ပန်းတွေနဲ့ ဓာတ်မတည့်မှန်း
သိသိနဲ့ လာပေးတာ ရွဲ့နေတာလား! "

ကိုယ် ဘာတစ်ခွန်းမှမဆိုပါဘဲ ဝမ့်မျက်နှာလေးကိုသာ ကြည့်နေမိပြန်တယ် ။
ဒီတစ်ခါ ဝမ်ရယ် ၊ မင်း ကိုယ့်ဆီက ထွက်မပြေးနိုင်လောက်တော့ပါဘူး ။

ဝမ်က ပြောနေရင်း မေ့လဲတော့မယ် ၊
ကိုယ်ပဲ အပြေးအလွှား ပွေ့လိုက်ရတာပေါ့လေ။ ပြောပြီးပါရော ၊ ဝမ်ကလေးရယ် ။
ဝမ့်ကို ကိုယ် မြတ်နိုးပေမဲ့ ပိုင်ဆိုင်ရမှကို
ဖြစ်မှာ ! ဝမ်ရဲ့ ။ ဒါကို ဝမ်ဟာ နားမလည်ပေးနိုင်ဘူး ။ သိပ်ဆိုးချင်တဲ့ ကိုယ့်ရဲ့ဝမ် ၊
ဒီတစ်ခါဆို ဝမ် ကိုယ့်ကို မဆိုးနိုင်တော့ပါဘူး ။

ရှောင်ကျန့် အသင့်စီစဥ်ထားတဲ့ ထွက်ပေါက်ကို သုံးပြီး အပြင်ကို ထွက်လိုက်တယ် ။
သူ ထွက်ပြီးမကြာမှာ သတို့သားဝမ်ရိပေါ်
ရှာမတွေ့တော့လို့ ပွက်လောရိုက်ကျန်နေခဲ့တဲ့
ပွဲလေးဟာ အကျည်းတန်လွန်းနေခဲ့ရှာတယ် ။

ဒေါက်တာစစ်ရိတစ်ယောက် သူငယ်ချင်း ရှောင်ကျန့်ရဲ့ သူ့ကိုလုပ်ခိုင်းနေတဲ့ အလုပ်ကြောင့် မဲနေတဲ့ခေါင်းတောင် တစ်ခေါင်းလုံး
ဖြူချင်လာသလိုလိုပါဘဲ ။

Dear Wang,Where stories live. Discover now