Scared to Lose You (VMin)

792 96 5
                                    

(Unicode)

*Ti....* *Tii.....* *Tiii.....*

အဆက်မပြတ် ကားဟွန်းတီးသံက တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ခမ်းနားလှသော စံအိမ်တော်ကြီးရှိ ရှိသမျှအလုပ်သမားတို့သည် စုရုံးကာ စံအိမ်တော်ကြီး၏ တံခါးဝသို့ အပြေးအလွှား။

"သူ...ဘယ်မှာလဲ!!!"

ဝုန်းဒိုင်းကြဲကာ ကားပေါ်မှ ဆင်းလာသော သခင်လေးသည် မာထန်ကာ ဒေါသမီးတို့တောက်လောင်နေသည်။ တင်းမာနေသည့် မျက်နှာထား၊ တစ်ခန်းလုံးကို ဝေ့ဝဲကြည့်လိုက်သည့်အချိန်မှာ မြင်လိုက်ရသည်က စူးရဲနေသော မျက်ဝန်း။ ဒါတွေသည် သေချာပေါက် ဒေါသထွက်နေကြောင်းကို အထူးတလည် မေးစရာမလို။ ပြန်ရောက်ရောက်ချင်းမေးလာသည့် *သူ* ဟူသော မေးခွန်း‌ကြောင့် ဤ ဒေါသတို့သည် အစ်ကိုလေးနှင့် ပတ်သက်နေလောက်သည်။

"အပေါ်ထပ်မှာပါ သခင်လေး...."

အိမ်တော်ထိန်း၏ ပြန်ဖြေစကားတောင်မဆုံးသေးခင် ဝုန်းဒိုင်းကြဲကာ အပေါ်သို့တက်ချသွားသော သခင်လေးကြောင့် သူတို့သက်ပြင်းကို ခပ်ဖွဖွချမိလိုက်သည်။ အစ်ကိုလေးတော့ သေချာပေါက် အမှားတစ်ခု လုပ်ထားပြန်ပြီ ထင်ပါရဲ့။

.
.
.

*ဝုန်း...*

ဝုန်းခနဲ ပွင့်လာသော တံခါးကြောင့် သူ လှည့်ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း Tae Hyungက အခန်းတံခါးဝမှာ။ နီရဲမာထန်နေသော မျက်နှာရယ်၊ စူးရှပြီး ဒေါသမီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းတွေရယ်ကြောင့် တစ်ခုခုမှားနေပြီဆိုသည်ကို Jimin ရိပ်မိလိုက်သည်။

"ယောင်း...အစောကြီးပြန်လာတာလား။ ဘာလို့..."

ပြောလို့စကားတောင်မဆုံးသေး ထိုင်နေသည့် သူ့ဆီ ခြေလှမ်းကြဲများဖြင့် လျှောက်လာရင်း အင်္ကျီလည်ကုပ်ကို ဆောင့်ဆွဲကာ မတ်တပ်ရပ်ခိုင်းလိုက်သော Taehyungကြောင့် Jimin ဆစ်ခနဲနာသွားသည့် ခြေထောက်နာကျင်မှုကို သည်းခံရင်း သူ့လက်ထဲ အရုပ်လေးတစ်ရုပ်လို မြောက်တတ်သွားသည်။

"ပြောစမ်း....Park Ji Min....။ မင်း အဲ့ကောင်မနဲ့ ထပ်ဆက်သွယ်သေးတယ်မဟုတ်လား။"

ရေးမိရေးရာ တိုတိုထွာထွာ ( ရေးမိ‌ရေးရာ တိုတိုထွာထွာ ) Where stories live. Discover now