Beyond the forgotten memories (KookMin)

2.4K 275 26
                                    

(Unicode)

တောင်ကိုရီးယားနိုင်ငံ။ ဆိုးလ်မြို့။

နံပါတ်၁အကောင်းဆုံး S Hospital...
VVIP Room Number 5813...
ထိုအခန်းကျယ်ကြီးဝယ်တော့ အခန်းရဲ့ တစ်ဖက်တစ်ချက်မှာ ကုတင်နှစ်လုံးက နေရာယူနေသည်။ ကာယကံရှင်အမျိုးသားနှစ်ယောက်ကတော့ ဒဏ်ရာဒဏ်ချက်များကို ဖုံးအုပ်ထားသော ပတ်တီးဖြူလေးများဖြင့် ကုတင်ထက်ဝယ် ‌ကမ္ဘာလောကကြီးနှင့် အဆက်ပြတ်လို့.......

အပြင်ဘက်တွင်တော့ ဆောင်းဦးမို့ ချယ်ရီများက သူ့ထက်ငါ အပြိုင်အဆိုင် ဝင့်ကြွားစွာ အလှပဆုံးဖူးပွင့်နေသည်။ ပြတင်းပေါက်နားရှိ ချယ်ရီပင်ကြီးမှ ပွင့်ဖက်တို့သည် လေ၏စေလိုရာ လွင့်ကြွေရင်း ထိုအခန်း၏ ပြတင်းပေါက်အပြင်ဘက် ဘောင်ဝယ် ခညောင်းနေလေရဲ့။

ကောင်လေးနှစ်ယောက်၏ နှလုံးခုန်နှုန်းများက ပုံမှန်ပင်။ ‌ပိုက်ပေါင်းစုံ ဆေးလိုင်းပေါင်းစုံကား ခန္ဓာကိုယ်ဝယ် နေရာယူလို့။ နီယွန်မီးရောင်ဖျော့ဖျော့သာ ရှိသော အခန်းကျယ်သည် လူနာနှစ်ဦးကလွဲ မည်သူတစ်ဦးတစ်ယောက်မျှမရှိတာမို့ ပကတိ ငြိမ်သက်တိတ်ဆိတ်နေပြီး တိုင်ကပ်နာရီသံ တစ်ချက်ချက်သာ လွှမ်းမိုးနေသည်။

*ကျွီ.......*

သိပ်မကြာ slide doorလေးပွင့်လာပြီး အခန်းတွင်းသို့ အ‌မျိုးသမီးတစ်ဦး ဝင်လာသည်။ သိပ်ကို ဂုဏ်သရေရှိသည့် အသွင်အပြင်မျိုး ခညောင်းနေသော်ငြား တောက်ပခြင်းအလျဉ်းမရှိ။ မျက်တွင်းကား ဟောက်ပက်ဖြစ်နေပြီး မျက်မှာသွင်ပြင်မှာမူ ဝမ်းနည်းခြင်း၏ အသွင်ဆောင်ကာ ညှိုးငယ်လို့။

အမျိုးသမီးကြီးကား အခန်းတွင်းသို့ ဝင်လာပြီး အခန်းမီးကိုဖွင့်ကာ လက်ယာဘက် ကုတင်‌ဆီသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် ဘေးနား ခုံလေးပေါ်ဝယ် ထိုင်ချလိုက်သည်။ ကုတင်ပေါ်တွင် ပိုက်ပေါင်းစုံဖြင့် ရှုတ်ရှပ်ခတ်နေသော အမျိုးသားငယ်၏ လက်သေးသေးတို့ကို ဆုပ်ကိုင်ပြီး......

"ကျေးဇူးပြုပြီး...‌ကျေးဇူးပြုပြီး နိုးထလာပါတော့ သားငယ်။ မင်းကို တစ်အိမ်သားလုံးမျှော်နေကြပြီလေကွာ။ မင်းအချစ်တော် ဂျက်ကီကလည်း မင်းမရှိလို့ အစာမစားဘဲ တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်နေပြီ သားငယ်။ မင်းညီမလေးကလည်း သူ့ ကိုကိုနှစ်ယောက်လုံး မရှိလို့ဆိုပြီး တစ်ငိုငိုတစ်ရီရီနဲ့။ သားငယ်ရယ်...ပြန်နိုးထလာပါတော့ကွာ...။ "

ရေးမိရေးရာ တိုတိုထွာထွာ ( ရေးမိ‌ရေးရာ တိုတိုထွာထွာ ) Where stories live. Discover now