Roses and Thorns (KookMin)

964 141 12
                                    

(Unicode)

"ငယ်က လူတကာ သဘောကျတဲ့ နှင်းဆီဆို မောင်က ‌နှင်းဆီရဲ့ မရှိမဖြစ် ဆူးတွေ...။ လူတကာ မျက်မုန်း‌ကျိုးပေမဲ့ နှင်းဆီရဲ့ ဂုဏ်ကို ထည်ဝါစေတဲ့ ဆူးတွေလေ။ ပြီးတော့...ငယ် မမေ့ဖို့က နှင်းဆီကို လူအများက ခူးဖို့မလွယ်တာ နှင်းဆီမှာ ရှိနေတဲ့ ဆူးတွေကြောင့်ပဲ။

ဒါကြောင့် ငယ်က မောင့်ရဲ့ နှင်းဆီ။"

*ခွမ်း.....* *ခွမ်း....* *ခလွမ်း.....*

ဆင့်ကဲ ဆင့်ကဲ ပစ်ပေါက်သံ၊ ပြိုလဲသံတွေက ခမ်းနား‌လှသော ဇိမ်ခံအိမ်ကြီး၏ ‌အပေါ်ထပ်မှ ပျံ့လွင့်လာသည်။ အပေါ်ထပ်နှင့် အောက်ထပ်ကို ဆက်သွယ်ထားသော ရွှေရောင်ကွပ် ကြောင်လိမ်လှေကား၏ အဆုံး‌တွင်တော့...တူညီဝတ်စုံဝတ် လူများကား တန်းစီကာ ရပ်နေရသည်။ သူတို့ရင်ထဲဝယ် စိုးရိမ်မှု၊ ကြောက်ရွံ့မှုအပြည့်....။

"ငယ်!! မင်းကို အဲ့ကို မသွားရဘူးလို့ မောင်ပြောနေတယ်နော်!!!"

"သွားမှာပဲ!!! မင်းက နေရာတကာ ငါ့ကို လိုက်ချုပ်ချယ်နေတာ လက်ခံရအောင် ငါက မင်းရဲ့ ကျွန်လား! Jeon Jung Kook!!! ချစ်လို့ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုရှိတယ်။ ယောက်ျားဖြစ်ပြီး သဝန်တိုပြီး လိုက်ချုပ်ချယ်တာကို မုန်းလိုက်တာ..။"

‌*ခွမ်း....*

‌အခန်းထဲဝယ် နောက်ဆုံးကျန်သော ဂျာမနီဖြစ် ကြွေပန်းအိုးကို နံရံသို့ ပစ်ပေါက်ခွဲရင်း ငယ့်ရဲ့ ပေါက်ကွဲသံတွေကို Jung Kook ငေးကြည့်နေမိသည်။ နောက်ဆုံးတော့....မောင်ဟာ မောင်ရဲ့ အဆိုးအဆာလေးကို မနိုင်ခဲ့။

သာမန်လူများတစ်အိမ်စာထက် ကျယ်ဝန်းသော အခန်းကျယ်၏ ကြမ်း‌ပြင်ပေါ်မှာ အရာရာဟာ ပျက်စီးခြင်းဖြင့် ပြည့်နှက်နေ၏။ ပြိုလဲနေသော စင်တွေ၊ ပျက်စီးနေသော ပစ္စည်းတွေ၊ အစိပ်စိပ် အမွှာမွှာ ပန်းအိုးတွေ၊ ရစရာမရှိသော ပန်းချီကားတွေ..။ အို အရာရာသည် နိဌိတံသာ....။ ငယ်ကြိုက်လွန်းလှသော နှင်းဆီနီနီတွေသည် တစ်စစီ ကွဲကြေနေသော ပန်းအိုးထဲမှ ထွက်ကာ ကြမ်းပြင်ပေါ်မှာ ဖရိုဖရဲ...။

"ငယ် အဲ့နေရာက ခြေတစ်လှမ်းတိုးရင်တိုးတာနဲ့ မောင်နဲ့ ငယ့်ရဲ့ ဇာတ်လမ်းက အပြတ်ပဲနော်....။"

ရေးမိရေးရာ တိုတိုထွာထွာ ( ရေးမိ‌ရေးရာ တိုတိုထွာထွာ ) Where stories live. Discover now