Song Recommendation - Heather by Conan Gray
(Unicode)
JIMIN's SIDE...
3rd December of 2019....
"အိုက်ဂူး....နှင်းတွေတောင် ကျနေပြီပဲ..."
တစ်ယောက်တည်း ရေရွတ်ရင်း ကိုယ်လေးကို ကျုံ့နိုင့်သမျှ ကျုံ့ကာ မျက်စိရှေ့တွင်မြင်နေရသော တိုက်ပုလေးဆီ ပြေးသွားလိုက်သည်။ နောက်ကျနေပြီမို့ အလောသုံးဆယ်ဖြင့် လာခဲ့ရသည့်အခါ သူ အပေါ်ထပ်တစ်ထပ် ထပ်ဝတ်လာဖို့ မေ့လျော့ခဲ့တာမို့ပြေးသည့်အခါ လေက ပိုတိုက်တာကြောင့် ပိုချမ်းလာသည်။ နှင်းတွေက တဖွဲဖွဲ ကျနေသည်။ ဆောင်းတွင်းကိုသဘောကျပေမဲ့ အခုချိန်မှာတော့ အေးလွန်းတာကြောင့် သူ တကယ်ငိုချင်မိပါသည်။
"ရောက်ပါပြီ!!!!"
လူစုံနေပြီဖြစ်သော Partyပွဲကျင်းပရာ အိမ်လေးဆီ ဝင်သွားလိုက်တာ ဒီpartyပွဲကျင်းပရာ လူသားကို မျက်လုံးမှ လိုက်ရှာမိတော့...
"Jimin....???? တစ်ယောက်တည်းလား??? ဒီလောက်အေးနေတာကို ဘာမှလည်း အပေါ်က ထပ်မဝတ်လာခဲ့ဘူး.."
သူ့လက်ကို လာကိုင်သည့် ထိုလူသားကြောင့် Jiminနေရာမှာတင် မေ့လဲချင်သွားသည်။ လူတစ်ယောက်ကို သဘောကျရတာ မလွယ်ဘူးမဟုတ်လား။
"ဟီး...နောက်ကျနေလို့ မမှီမှာစိုးလို့ အမြန်လာခဲ့တာ Jung Kook Sunbaeရဲ့.."
"ကဲ....ကိုယ်ပြောတယ်မဟုတ်လား။ Jiminလာမှ ပွဲစမှာပါလို့။ ကြည့်ဦး တစ်ကိုယ်လုံးလည်း အေးစက်နေတာပဲ။ ရော့..ဒီဆွယ်တာကို ဝတ်ထား။"
ပြောပြောဆိုဆို သူ ဝတ်ထားသည့် Sweaterကို ချွတ်ပေးကာ Jimin ခေါင်းပေါ်ကနေစွပ်ပေးလိုက်တာကြောင့် Jimin အချိန်နာရီတွေ ရပ်တန့်သွားသကဲ့သို့။ အခု...အခု...သူ သဘောကျနေရသည့် လူသားက ဝတ်ထားသည့် ဆွယ်တာကို ချွတ်ပြီး Jiminကိုဝတ်ပေးလိုက်တာလား...။ ရိုးရိုးပေးလို့ရတာတောင် မဟုတ်ဘဲ ဝတ်ပေးလိုက်တာလေ???
"ဟို...ကျွန်တော်..."
"ကိုယ့်ဆွယ်တာက Jiminနဲ့မှ ပိုလိုက်သလိုပဲ။ ကြည့်ဉီး။ Jiminတစ်ကိုယ်လုံးတောင် လုံတယ်။ ဟားဟား...."
YOU ARE READING
ရေးမိရေးရာ တိုတိုထွာထွာ ( ေရးမိေရးရာ တိုတိုထြာထြာ )
Fanfictionမြတ်နိုးရာလေးတွေအတွက် စိတ်ကူးရှိသမျှ ရေးမိရာရာ...... မြတ်နိုးရာလေးတွေအတွက် စိတ်ကူးရှိသမျှ ရေးမိရာရာ...... 📆 Start- 7.4.2020 📆 End-