ပထမနှစ် အောင်ရမယ်လို့ ကိုကို ကို ကတိပေးထားတာမို့ ကျောင်းကိုတော့ ပုံမှန်တက်ဖြစ်တယ်၊ကျောင်းမှာဆိုရင် အပြုံးအရယ်ဆိုတာ မရှိသလောက်ပဲ Tae hyung တို့နဲ့လည်း မတွေ့ဖြစ်တာ များတယ် အရင်ကလို အုပ်စုဖွဲ့ပြီး ကန်တင်းတောင် မထိုင်ဖြစ်တော့
ကျောင်းကို စာသင်ချိန် နီးမှလာပြီးတော့ အတန်းချိန်ပြီးရင်လည်း အိမ်ကိုပဲ တန်းတန်းပြန်တော့တယ်အရင်ကထက် လူမှု့ရေးပိုကျဲလာတယ်
ပြီးတော့ ကိုကို့ကို ပေးထားတယ် ကတိ
ကြောင့် သေလောက်အောင် လွမ်းနေရင်တောင် သွားမတွေ့ခဲ့၊ကျွန်တော့်ကိုမြင်ရင် ကိုကို စိတ်အနှောက်အယှက်ဖြစ်မှာကို သေလောက်အောင်ကြောက်တာမို့"ဟို ဒီမှာ ဒီမှာ ကျွန်တော်တို့မှာတာ အချိုလေ ဘယ်လိုဖြစ်လို့ အစပ်ကြီးလာချတာလဲ"
"ကျွန်တော် တောင်းပန်ပါတယ် အသစ်တစ်ပွဲပြန်လဲပေးပါ့မယ် "
"ဟွန့် နာမည်ကြီး hotle မို့လို့ပဲ ဒီလောက်လေးတောင် သေသေချာချာ မစီမံနိုင်ဘူး "
"Jin တစ်ယောက် ရှေ့က မိန်းမကြီးကို ကြည့်ပြီး တော်တော်ဒေါသထွက်နေမိတယ် ကိုယ့်အမှားကြောင့် တောင်းပန်ပြီးပြီပဲ အသစ်တစ်ပွဲပြန်လဲပေးမယ်ဆိုတာကို ကျေနပ်တော့ပေါ့
"YoonGi ကြည့်နေရင်းကနေ မကြာခင် စားသုံးသူနဲ့ စကားများတော့မယ့်အခြေအနေမို့ သူဝင်ပါမှရတော့မယ်၊ဒီကောင်ခုတစ်လောစိတ်အရမ်းဆတ်နေတယ်၊အခုလည်း မျက်နှာတွေရဲကာ ဒေါသထွက်နေသေးတယ်၊တစ်ခါမှ မမှားဘူးတယ့် jin က ဟင်းပွဲတွေလည်း မှားချက်လို့ ချက် "
"ကျွန်တော် တောင်းပန်ပါတယ် ဟင်းပွဲအသစ်တစ်ပွဲ ချက်ချင်း ပြန်လဲပေးပါ့မယ်၊အဲ့အတွက်လည်း ပိုက်ဆံပေးစရာမလိုပါဘူး
"ထိုတော့မှ အန်တီကြီးက ကျေနပ်သွားသည်
YG jin လက်ကိုဆွဲကာ ဟင်းချက်ပစည်းများထည့်တယ့် သိုလှောင်ခန်းစီသို့ "
"Jin မင်းဘာဖြစ်နေတာလဲ ငါ့ကို ပြောပြလေကွာ ငါက မင်းသူငယ်ချင်းမို့လား ငါ့ကို မပြောရင် ဘယ်သူ့ကို ပြောပြမလဲ မင်းမှာ ဘာစိတ်ညစ်စရာတွေရှိနေတာလဲ "
YOU ARE READING
True Love ❤jinkook❤