4

921 75 5
                                    

ကျွန်တော် hyg နဲ့ မတွေ့တာ တစ်ပတ်ပြည့်တော့မယ်။ကျောင်းကို မှန်မှန်လာကာ အတန်းချိန်တွေလည်း မှန်အောင် တက်တယ်
အန်တီလေးကတောင် ကျွန်တော့ကို ချီးကျူးပြီး မုန့်ဖိုးတွေပေးနေသေးတယ်

ကျွန်တော်ပြောင်းလဲသွားတယ့် ပုံစံကိုကြည့်ပြီး Th က ပြုံးစိစိလုပ်နေသေးတယ်
ရန်လည်း မဖြစ်အောင် ကြိုးစားနေတယ်
အတတ်နိုင်ဆုံး D S တို့အုပ်စုနဲ့ မတွေ့အောင်
ရှောင်ပြီး နေတတ်နေပြီ

ကျွန်တော့် ပုံစံကိုမြင်ဖူး hyg ရော
Th လိုပြုံးစိစိလုပ်နေမလား မသိဘူး
ညတွေဆိုလည်း hyg က အိမ်မက်တယ့်ထိရောက်လာတတ်တယ် hyg အကြောင်း စဥ်းစားလိုက်တာနဲ့ ဘယ်ဘက်ရင်အုံက ယားကျိကျိ ပုရွတ်ဆိတ်တက်နေသလိုပဲ ဒါတွေက ဘာကြောင့်လဲ ဆိုတာ ကျွန်တော်အခုထိ အဖြေမရှာချင်သေးဘူး

ကျောင်းဆင်းတော့ နီးစပ်ရာ City Mark မှာ
လူကြီးအတွက် အားဖြစ်စေမယ့် အစားစာတွေ ဝယ်ပြီး hyg တို့ အိမ်ကို ထွက်လာလိုက်တယ်

ဆိုင်ကယ်ကို အိမ်ထဲထိ မောင်းဝင်ကာ
ဆိုင်ဘေးကို ကပ်ရပ်လိုက်တယ်

°ဟယ် kookie လေးမလာတာတောင် ကြာပေါ့ကွယ် မင်းအဖွားက မျှော်နေတာ

Jk အန်တီကို ပြုံးပြကာ ဝယ်လာတယ့် မုန့်ထုပ်တွေကိုကမ်းပေးလိုက်တယ်

ဘာလို့ဝယ်လာတာလဲ သားရယ်
အိမ်မှာလည်း အများကြီး ရှိရဲ့သားနဲ့

"ကျွန်တော်က စားစေချင်လို့ပါ အန်တီ
hyg ရှိလား အန်တီ

°သားက ည၆နာရီလောက်မှ ပြန်ရောက်မှာ
အိမ်ပေါ်မှာ သွားစောင့်နေလေ kookie လေး
မိုးတော့ မချုပ်လောက်ပါဘူး

ဟုတ် ဒါဆို သားအပေါ်မှာပဲ ဖွားဖွားနဲ့ စကားပြောနေရင်း စောင့်နေလိုက်မယ်နော်

° အေ အေ သွားသွား မင်းအဖွားလည်း
မင်းကို မျှော်နေတာ တက်သွားလိုက်နော်
အန်တီ စျေးရောင်းလိုက်အုန်းမယ်

ဟုတ် အန်တီ jk လည်း ပြောပြီး အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်
"ဖွားရေ သားလာတယ် "

ဟယ် kookie လေးလား ဖွားက မျှော်နေတာ
လာ ကလေး ထမင်းစားပြီးမှ ပြန်နော်
မင်းအကိုက ဟင်းချက်သိပ်ကောင်းတာ

True Love ❤jinkook❤Dove le storie prendono vita. Scoprilo ora