8

867 67 6
                                    

ကိုကို ဒီနေ့ အလုပ်သွားလေ
ညီလည်းသက်သာနေပါပြီ

ကျွန်တော်ဆိုတယ့် ကောင်ကလည်း ဂရုစိုက်မယ့်သူရှိလို့ အဖျားနဲ့ တော်တော်နဲ့ မပျောက်နိုင် ဒီနေ့ နည်းနည်းသက်သာသလို ရှိပြီမို့ အလုပ်သွားရန် တိုက်တွန်းရတယ်ခွင့်ယူထားတာလည်း ၂ ရက်တောင်ရှိနေပြီလေ

ဖွားဖွားနဲ့ အန်တီတို့ကလည်း ကျွန်တော် တစ်ယောက်ထဲ နေတာစိတ်မချလို့ ညီလေး သက်သာမှ ပြန်လာလို့ ကိုကို့ ကို မှာထားတယ်

ဖွားဖွားတို့က အိမ်မှာ လိုက်နေခိုင်သော်လည်း
သူများအိမ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာမို့ လိုက်မနေခြင်း ကိုကိုကတော့ ချွင်းချက်ပေါ့နော်

"အင်းးးးဒါဆို ဒီနေ့ ကိုယ်အလုပ်သွားမယ်
အုပ်ဆောင်းအောက်မှာ ဆန်ပြုတ်ကို အုပ်ပေးထားတယ် အစားစားပြီး ဆေးသောက်ချိန် ဆေးသောက်နော် တစ်ခုခု ဖြစ်တာတို့ အဖျားပြန်တက်လာရင်ပဲ ဖြစ်ဖြစ် ကိုကို့ ကို ချက်ချင်းလှမ်းခေါ်နော် ညီ "

ကိုကို ပြောသည်များကို ခေါင်းညိတ်ရျ် သာ ဖြေလိမ့်တယ်၊ဒီလူကြီး အခုတစ်လော စကားများများ​ပြောလာတယ်။

ကိုကို လို့ ခေါ်တာကိုလည်း မပိတ်ပင်တော့ဘူး၊အစက ခေါ်တုန်းကတော့ မခေါ်ခိုင်းဘူး
နောက်တော့ ကျွန်တော့်ကို မနိုင်လို့ လွှတ်ထားလိုက်သည်၊ က်ုကိုလို့ ခေါ်ရင် မထူးပေမဲ့တားနော့မတားတော့ဘူး"

"အလုပ်သွားဖို့ ပြင်ဆင်ပြီး သွားခါနီး ကျွန်တော့်အနားလာကာ နဖူးကို လက်ဖဝါးနုနုလေးဖြင့် စမ်းနေသေးတယ်၊ကျွန်တော် ပိုချစ်အောင်များ လုပ်နေတာလား ကိုကိုရာ"

"ကိုယ်တော့ သိပ်မပူတော့ပါဘူး၊ရေမချိုးနဲ့နော် ညီ ချွေးထွက်လာရင် အဝတ်ပါးလေး လဲဝတ်ထား၊ကိုယ်ပြန်လာမှ ရေပတ်ဝတ်တိုက်ပေးမယ်။

"အင်းးပါ ကိုကိုရာ သွားတော့ ကျွန်တော်
ကလေးမဟုတ်ဖူး ဒီလောက်တော့ နားလည်ပါသေးတယ်၊

"အင်း

အဲ့တော့မှ ကိုကိုက တံခါးဝနားကို လျှောက်သွားတော့တယ်၊ဒါကို jk အိပ်ခန်းထဲမှ ထွက်ကာ ကိုကို ကြားအောင် လှမ်းပြောလိုက်သေးတယ်

True Love ❤jinkook❤Donde viven las historias. Descúbrelo ahora