အပိုင်း ၄

1.7K 295 26
                                    

အပိုင်း ၄

ဆိတ်ငြိမ်ရပ်ကွက်ကြီးတစ်ခုထဲ ကားချိုးဝင်လိုက်တော့ မွေးရပ်မြေကိုပြန်ရောက်သလို ခံစားချက်မျိုး သက်ခါးရလိုက်တယ်။ ဘာလို့ဆို ဒီလမ်းတစ်လျှောက် သူမြင်နေရတဲ့အရာတွေအကုန်လုံးက သူနဲ့နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးပြီးသား။ ၈နှစ်အတွင်း သိပ်ပြောင်းလဲသွားခြင်းမရှိတဲ့ ဒီနေရာကို ငေးကြည့်ရင်း နှလုံးခုန်သံက ခပ်ဖြေးဖြေးလေးမြန်လာတယ်။

ကားက ပိတောက်ပင် အကြီးကြီးတစ်ပင်စိုက်ထားတဲ့ ခြံရှေ့ရောက်တော့ စက်ရပ်သွားတယ်။

"ရောက်ပြီ"

လွှမ်းမိုးက ကားseat-beltကို ချွတ်ရင်း ပြောလာတယ်။ ပြီးတော့ ကားတံခါးဖွင့်လို့ အောက်ဆင်းသွားပြီး ခြံတံခါးကိုသွားဖွင့်တယ်။ သက်ခါးကတော့ သူ့ရဲ့အေးစက်စက်မျက်နှာကြီးနဲ့မှမလိုက် စိတ်လှုပ်ရှားစွာ မလှုပ်မယှက် ထိုင်နေမိတုန်း။

ကျွီခနဲပွင့်သွားတဲ့ခြံတံခါးနဲ့အတူ ပထမဆုံးမြင်ကွင်းထဲမြင်ရတာက ဆေးဖြူသုတ်ထားတဲ့ ၂ထပ်တိုက်ပုလေး။ အပင်တွေနဲ့ကွယ်နေတာကြောင့် ခြံတံခါးဖွင့်တော့မှသာ ဒီတိုက်လေးကို မြင်နိုင်မှာဖြစ်တယ်။  ပြီးတော့ ကျောက်စရစ်ခင်းထားတဲ့ လူသွားလမ်းသေးသေးနဲ့ လမ်းတစ်လျှောက်မှာ စိုက်ထားတဲ့ စံပါယ်အိုးပုတ်ပင်လေးတွေ။

ဒီအပင်တွေက မေခင် စံပါယ်ပန်းကြိုက်တာကြောင့် ဖေမောင်ကိုယ်တိုင် သူ့လက်နဲ့တယုတယစိုက်ပျိုးထားတဲ့ အပင်တွေဖြစ်တယ်။ သူတို့ငယ်ငယ်လေးကတည်းကနေ ခုချိန်ထိ နှစ်တွေကြာလာတာနဲ့အမျှ အပင်အရေအတွက်က တိုးလာတာပဲရှိတယ်။ ခုတ်ပစ်လိုက်တယ် သေသွားတယ်ဆိုတာ တပင်မှမရှိခဲ့ဘူး။ ဘာလို့ဆို ဒါဟာ ဖေမောင့်ရဲ့ မေခင့်အပေါ်ထားတဲ့ အချစ်သင်္ကေတ ဖြစ်တာကြောင့်ပဲ မေခင်ကလည်းဒီအပင်တွေအပေါ် အမြတ်တနိုးရှိရှာတယ်။

"ဆင်းမယ်လေ။ အထဲမှာ မေမေတို့ စောင့်နေတယ်"

ခြံထဲကားရပ်ပြီး လွှမ်းမိုးက ထပ်ပြောလာတော့မှ သက်ခါး ခါးပတ်ကိုချွတ်ပြီး ကားတံခါးဖွင့်လို့ ဆင်းလိုက်တယ်။ အိမ်ပေါက်ဝရောက်တော့ ဧည့်ခန်းထဲ တီဗီကြည့်နေတဲ့ ဖေမောင်က သူတို့ကို အရင်ဆုံးမြင်တယ်။ ဖေမောင်က ဝမ်းသာအားရနဲ့ ထလာပြီး

တကယ်ချစ်လျှင် {On~Going}Où les histoires vivent. Découvrez maintenant