အပိုင်း ၁
နိုင်ငံတကာမှ ဒီဇိုင်းကုမ္ပဏီများစုပေါင်းကာ ပထမဆုံးရင်းနှီးမြှုပ်နှံ့ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးကျယ်အခမ်းနားဆုံး ဖက်ရှင်ဒီဇိုင်းနှင့် နည်းပညာတက္ကသိုလ် UNIQUE။
ကျောင်းတော်ကြီးရှေ့ ပန်းပျားခတ်မျှ လှုပ်ရှားနေတဲ့ ယောက်ျားလေး မိန်းကလေးအစုအဝေးများဟာ ၀တ်ရည်သယ်ဆောင်နေတဲ့ လုပ်သားပျားလေးများသဖွယ် သွက်လက်တက်ကြွနေကြတယ်။ ဖက်ရှင်ကျောင်းတော်ကြီး ဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတိုင်းက နိုင်ငံခြားမော်ဒယ်တွေလို ချောမောပြီး ဖက်ရှင်ကျလွန်းတယ်။
အကယ်၍သင်သာ လမ်းသွားနေရင်း ရုတ်တရက် အိန်ဂျယ်တွေ စုဝေးနေတာ မြင်လိုက်ရပြီဆိုပါစို့။ ဒါဆို သင်ရောက်နေတဲ့နေရာဟာ unique တက္ကသိုလ် ဖြစ်တယ်ဆိုတာ googel-map ကြည့်စရာပင်မလိုတော့" လို့ဆိုစမှတ် ပြုကြရတဲ့အထိ အလှဂုဏ်သတင်းကြီးမားတဲ့ ကျောင်းတော်ကြီးဖြစ်တယ်။
uniqueက ကျောင်းသားလို့ဆိုလိုက်တာနဲ့ နှစ်ခါလည်ပြန် ငေးရသူချည်း။ ကျောင်းသားတွေပဲ ချောကြလှကြတာ မဟုတ်ဘူး။ ဆရာ/ ဆရာမတွေဆိုရင်လည်း ပြစ်မျိုးမှဲ့မထင်အလှတွေနဲ့ ချောကြ၊ လှကြတဲ့လူတွေပဲ ရွေးချယ်ထားတာဖြစ်တယ်။
နိုင်ငံခြားတက္ကသိုလ်ဖြစ်တာနဲ့အညီ သာမန်လူတန်းစားတွေ တက်ရောက်ဖို့ခဲရင်းပြီး ပိုက်ဆံရှိရင်တောင် အဆက်အသွယ် ကောင်းကောင်းရှိမှ ၀င်လို့ရတာမျိုးဖြစ်တယ်။ ဒီတော့ လူချမ်းသာကျောင်းတွေရဲ့ထုံးစံအတိုင်း ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကြား ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လွန်းတယ်။
အလှအပ၊ ချမ်းသာကြွယ်၀မှုနဲ့ ဂုဏ်တုဂုဏ်ပြိုင် ယှဥ်ပြိုင်မှုတွေကြား မြေစာပင်ဖြစ်ပြီး အသက်ပေးခဲ့ရတဲ့ ကျောင်းသားအရေအတွက်ကလည်း တစ်နှစ်မှာ အနည်းဆုံး ၂ယောက်လောက်တော့ရှိတယ်။ ဒါပေမဲ့ ဒီလိုကိစ္စလောက်နဲ့တော့ တက္ကသိုလ်ကြီးရဲ့ဂုဏ်ကို မှေးမှိန်အောင် လုပ်နိုင်ပုံမရဘူး။ ဘာလို့ဆို ဒီလို နာမည်ဆိုးတွေရှိနေရင်တောင်မှပဲ အဲ့ကိုတက်ရောက်ချင်တဲ့ ကျောင်းသားအရေအတွက်က တစ်နှစ်ပြီးတစ်နှစ် ကြောက်ခမန်းလိလိကို တိုးလာနေတာပဲရှိတယ်။
ESTÁS LEYENDO
တကယ်ချစ်လျှင် {On~Going}
Romanceလူတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် သူ့ရဲ့ဘယ်လိုဖြစ်တည်မှုမျိုးကိုမဆို လက်ခံနိုင်ရမှာပေါ့။ __________# starting date_14.5.2021 ending date_ #To my firefly #poe_nyo🐌