အပိုင်း ၂

2.2K 324 28
                                    

အပိုင်း ၂

ကန်တင်းထဲရောက်တော့ တရုတ်စကားပင်ကြီးကို ကွပ်ပြီးရိုက်ထားတဲ့ စားပွဲဝိုင်းမှာထိုင်နေတဲ့ကိုကို။ ကိုကိုက ကောင်မလေးတစ်ယောက်ကို စာရှင်းပြနေပြီး ဘေးမှာလည်း ကျောင်းသား၊ကျောင်းသူတွေက ဝိုင်းနေတယ်။ တချို့ဆို စာနားထောင်သလိုလိုနဲ့ ဖုန်းခိုးထုတ်ပြီး ကိုကို့ကိုဓာတ်ပုံ ရိုက်နေကြတာဖြစ်တယ်။

နီးကပ်လာတာနဲ့အမျှ ကျောပေးထားတဲ့ နောက်ကျောပြင်ကြီးကပင် ကျွန်တော့်အတွက် ခန့်ညားလွန်းတဲ့ ဖြစ်တည်မှုမျိုး။ ကျောင်းယူနီဖောင်းဖြစ်တဲ့ ရှပ်အဖြူနဲ့ ပန့်အနက်နဲ့ ကျောင်းသား၊ ကျောင်းသူတွေကြား အပေါ်အောက်အနက်နဲ့ ကိုကိုပုံစံက ထင်းထွက်နေတယ်။

ကျွန်တော် ကိုကိုကို့ ဘယ်လောက်တောင် ငေးကြည့်နေခဲ့လဲမသိ။ ငြိမ်ကျသွားတဲ့ ပတ်၀န်းကျင်ကြောင့် ကိုကိုက လှည့်ကြည့်လာတော့မှသာ လာရင်းကိစ္စကို သတိရတော့တယ်။

"ကို... ကိုခန့်"

ကျွန်တော်ခေါ်လိုက်တော့ ကိုကိုက သူ့ဘေးနားကကျောင်းသူကို စကားလှည့်ပြောရင်း ကျွန်တော်ရှိရာ လျှောက်လာတယ်။ ကိုကိုမျက်နှာက ပြုံးနေပေမဲ့ အပြုံးကနည်းနည်း ကိုးယို့ကားယား နိုင်သလိုပဲ။ ကိုကို့မျက်နှာပေါ်ကအပြုံးကို ကျွန်တော် အဓိပ္ပာယ် မဖွင့်တတ်ဘူး။

"ခခပါလား။ ကိုယ့်ဆီလာတာလား"

"ဟုတ်... ဟုတ်တယ် ကိုကို...။ အဲ့... ကိုခန့်"

ဒီစကားလေးပြောတာကိုတောင် စိတ်လှုပ်ရှားပြီး အထစ်ထစ် အအအဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိတယ်။ ဒီလိုနဲ့ ကိုကို့ကို လူတွေကြားထဲ မျက်နှာပျက်အောင် လုပ်မိတော့မယ်။ ကျွန်တော်က တကယ်ဘယ်နေရာမှ အသုံးမကျဘူး။

"စာမေးမလို့လား။ အဲ့ဒါဆို တွေ့နေကျနေရာမှာ စောင့်နေလေ။ ကိုယ်အခု သရဖီ့ကို စာရှင်းပြနေရလို့"

"မဟုတ်..."

သူ့အသံကျယ်သွားတော့ လှည့်ထွက်ဖို့လုပ်နေတဲ့ ကိုကိုက ပြန်လှည့်ကြည့်လာတယ်။

"ဟို ကျွန်တော် ကိုကို...၊ အဲ့..ကိုခန့်ကို ပြောစရာရှိလို့"

"အရေးကြီးလို့လား"

တကယ်ချစ်လျှင် {On~Going}Donde viven las historias. Descúbrelo ahora