" TOGETHER & FOREVER " Part ( 1 )

323 10 4
                                    


" Together Forever "

       အခန်း ( ၁ )

          ဒီနေ့လေးဟာ နှိုင်းမဟာမိုရ်ရဲ့ ဘဝမှာအကြီးမားဆုံးဒုက္ခကို ရင်ဆိုင်ရခြင်းပါပဲ။ ဒီဒုက္ခက ခဏတာနှင့်ပြီးသွားမှာမဟုတ်ဘဲ သူ့ဘဝရဲ့နေ့စဥ်ရက်ဆက်တိုင်းကို ထိုးနှက်ကာ အတော်လေးကို နှိပ်စက်တော့မှာပါ။ ဟုတ်ပါသည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် နှိုင်းမဟာမိုရ်ဟာ သူ့ထက်ခုနစ်နှစ်နီးပါးကြီးသော စစ်ခွန်းသွေးမာန်ဆိုသော သူကြီးလက်ထဲကို ပုံအပ်ရပေတော့မည်။ အနေနွမ်းပါးသော သူ့မိသားစုရဲ့ဘဝကို ကယ်တင်နိုင်ဖို့ဆိုတာ ဒီတစ်နည်းလမ်းပဲရှိတော့ပေသည်။

" ဖေဖေ သားတကယ်ကြီး သူ့ကိုယူရမှာလား ဖေဖေရယ် "

      နှိုင်းမဟာမိုရ်တစ်ယောက် ဖခင်ဖြစ်သူကိုမေးနေပေမဲ့ နာတာရှည်ရောဂါသည်ဖခင်ကြီးအဖြစ်နှင့် ပြန်ဖြေလာမဲ့စကားတွေကိုသိနေသောသူ့အဖို့မှာ ရွေးချယ်စရာလမ်းလည်းမရှိသလို သူ့အင်အားချိနဲ့နေသောသူတစ်ယောက်ပမာသာ။

      ခပ်နွမ်းနွမ်းနဲ့အိုဟောင်းနေသော အခုအိမ်ကြီးကနေ နာရီပိုင်းအတွင်းသူထွက်ခွာကာ စစ်ခွန်းသွေးမာန်ဆိုသော ကိုလူချောကြီး၏အနောက်သို့လိုက်ပါကာ သူ့ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲဖို့ သူခံစားလိုက်ပါဖို့ သူသွားရပေတော့မည်။

       ဟုတ်ပါသည် ဖခင်ဖြစ်သူသည် စီးပွားပျက်ပြီး စိတ်ကျကာ နာတာရှည်ရောဂါပါစွဲကပ်လာပြီး လုပ်ငန်းတွေပျက်ပြီး အကြွေးတွေပေါများလာကာ နောက်ဆုံးအခုလိုဘဝမျိုးရောက်လာလေတော့သည်။ ပေးဆပ်စရာလည်းငွေကြေးမရှိတော့သလို ဆေးဖိုးတောင်အနိုင်နိုင်ဖြစ်နေသောသူ့မိသားစုအဖို့ အပူတွေရပ်စဲဖို့ နောက်ဆုံးနည်လမ်းက အကြွေရှင်ဖြစ်သူ ဖခင်၏တစ်ချိန်က သူငယ်ချင်းဆိုသူ ဦးစစ်မာန်ရဲ့သား စစ်ခွန်းသွေးမာန်ကို သူယူရပေတော့မည်။

       တော်တော်လေးအံ့သြတုန်လှုပ်သွားသလားဗျာ။ အတူတူပါပင် ယောက်ျားလေးနှစ်ယောက်လက်ထပ်ရမယ့်ဘဝကို ကျွန်တော်လည်းအံ့သြမိနေပါသည်။ လူကြီးတွေက ဘယ်လိုအတွေးတွေဆန္ဒတွေကြောင့် သားဖြစ်တဲ့ သူတို့နှစ်ယောက်ကို ပေးစားလက်ထပ်ကြတာလဲ။ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေကလည်း နားမလည်ကြသလို သူကိုယ်တိုင်လည်းနားမလည်ပေ။ လိင်တူချင်းချစ်ကြိုက်တာတောင် တားမြစ်နေကြတဲ့အခြေအနေမှာ လူကြီးတွေက သူတို့နှစ်ယောက်ကို အတင်းပေးစားနေလေရဲ့။

TOGETHER & FOREVER Where stories live. Discover now