Together Forever
အခန်း ( ၂ )
" မောင် တကယ်ပဲ မောင်ဒီနေ့လက်ထပ်လိုက်ပြီပေါ့ မောင်မကိုထားသွားပြီပေါ့ မောင်တကယ်ပဲ မကိုရက်စက်ခဲ့ပြီပေါ့နော် "
" မ မောင်တောင်းပန်ပါတယ် မလေ မောင့်ကိုနာကျည်းလိုက်ပါ မောင့်ကိုမေ့လိုက်ပါ မောင့်ကိုခွင့်မလွတ်ပါနဲ့ကွာ "
" မောင် မလေ ရင်အနာဆုံးက မောင်ယူသွားတာတဲ့သူဟာ အမျိုးသမီးတစ်ဦးမဟုတ်ပဲ အမျိုးသားတစ်ဦးဖြစ်နေလို့ပဲမောင် မောင်သိရဲ့လား မတို့လိုမိန်းမသားတွေကလေ လိင်တူစိတ်ဝင်စားတာကို လက်ခံနိုင်တယ် မောင်နှမလိုချစ်ခင်နိုင်တယ် သူငယ်ချင်းမိတ်ဆွေလို သဘောထားနိုင်တယ် ဒါပေမဲ့ မတို့ရဲ့ ဘဝလက်တွဲဖော်တော့ ဖြစ်လို့မရဘူးမောင် ပြီးတော့ နောက်တစ်ခု မောင့်ကမကိုမယူဘူး သစ္စာမရှိဘူးဆိုတာတောင် မထက်သာလို့ မထက်ဂရုစိုက်ပေးနိုင်လို့ အခြားမိန်းမကိုယူသွားတယ်ဆိုပြီး မရဲ့ပတ်ဝန်းကျင်မှာ မဂရုမစိုက်ပဲ မချပြရဲတယ် အခုတော့ မောင်လုပ်ရပ်ကလေ မဘယ်လိုမျိုးနဲ့ မျက်နှာပြဝံ့ပါမလဲ မောင်ရယ် "
စစ်သွေးခွန်းမာန်၏ချစ်သူ ဝန်းနဒီပျိုသည် မျက်ရည်တွေနဲ့ ငိုယိုကာသူ့အားပြောနေရှာသည်။ ဝန်းနဒီပျိုသည် စစ်သွေးခွန်းမာန်ထက် နှစ်နှစ်ခန့်ကြီးပြီး ချစ်သူဖြစ်လာတာကတော့ နှစ်နှစ်ပင်ပြည့်တော့မည်။ နေ့ရက်တိုင်းမှာအဆင်ပြေလာသမျှ ဘာပြဿနာမှမရှိခဲ့ကြပဲ အခုလိုဗြုန်းစားကြီးမင်္ဂလာဆောင်သတင်းထွက်လာတော့ သူမယုံနိုင်။ ပို၍မယုံနိုင်တာကတော့ မောင်ယူခဲ့သောသူသည် ယောကျ်ားသည်တစ်ဦးဖြစ်နေခြင်းပါ။
" မောင် မမေးစရာတစ်ခုရှိသေးတယ် မောင်က အစကတည်းက Gay နေတာလား "
" မရာ အဲ့တာတွေမမေးပါနဲ့တော့ မောင်ကအခုအခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီ အဲ့တာထက်တိကျတဲ့အဖြေလိုသေးလို့လား "
" လိုတယ်မောင် မောင် gay ဟုတ်မဟုတ် မအတိအကျသိချင်တယ်မောင် "
" ထားလိုက်တော့ "
စစ်သွေးခွန်းမာန်တစ်ယောက် ဖုန်းကို power ပါအပြီးပိတ်ချပြစ်လိုက်သည်။ ထို့နောက်ဖုန်းကိုလည်း အိပ်ယာထက်ပေါ်သို့ သူပစ်တင်လိုက်သည်။
YOU ARE READING
TOGETHER & FOREVER
Fantasyအသက်နှစ်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက်နှင့် တစ်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်တို့ဟာ ဖခင်တို့ရဲ့ ပေးစားလက်ထက်မှုကိုခံရပြီး ဘယ်လိုများရှေ့ဆက်ရမလဲ။ ကြီးကျယ်ခမ်းနားလွန်းပြီး ကြွယ်ဝချမ်းသသော စစ်ခွန်းသွေးမာန်၏ ဖခင်ဖြစ်သူ ဦးစစ်မာန်က ဘာကြောင့်များ သားဖ...