Together & Forever
အခန်း ( ၄ )
ကားလေးကိုပုံမှန်လေးအနေအထားဖြင့် စစ်ခွန်းသွေးမာန်မောင်းလာလေတော့သည်။ ကျောင်းဆင်းချိန်နားနီးနေတော့ သူကျောင်းရှေ့ကနေ ကျောင်းဝင်းထဲသို့ ငေးကြည့်ရင်း တက္ကသိုလ်ကျောင်းသားဘဝကို သူပြန်သတိရလေသည်။ ကျောင်းရဲ့ လေးကြိမ်ဆက်တိုက် King ဘွဲ့ရသူပီပီတည်ကြည်ခန့်ညားပြီး ချမ်းသာသောအသိုင်းဝန်းမှဆင်းသက်လာသူ စစ်ခွန်းသွေးမာန်သည် အနေတည်သလို မာနကြီးသည်ဟုလည်း နာမည်ကြီးကာ သူ့အား အားကျသောသူတွေရှိသလို သူ့အားအရမ်းသဘောကျသော ကောင်မလေးတွေလည်းအများပြားပါ။ ထိုကြားထဲကမှ စစ်ခွန်းသွေးမာန်ဆိုသူက ဝန်းနဒီပျိုဆိုသော သူ့ထက်တစ်နှစ်လောက်ကြီးသော မိန်းကလေးနဲ့ သူရည်းစားဖြစ်ခဲ့သည်။ ပြောရရင်တော့ သူ့နဲ့ချစ်သက်တမ်းလေးရှိတော့ သံယောဇဥ်လေးရှိသလို အတော်လေးလည်းမေတ္တာရှိလာသည်လို့ဆိုရပေမည်။ ထိုအချိန်ကျမှ လွန်ဆန်မရသော ဖခင်ရဲ့စကားကြောင့် သူယောကျ်ားလေးတစ်ယောက်ဖြစ်တဲ့ နှိုင်းမဟာမိုရ်ဆိုသော ကောင်းလေးတစ်ယောက်နှင့် လက်ထပ်လိုက်ရသည်။ သူဖခင်ဖြစ်သူကိုနားမလည်နိုင်ပေမဲ့ မလွန်ဆန်နိုင်သောအမိန့်တွေကြောင့် သူနားမလည်စွာဖြင့် သူရင်နင့်စွာနဲ့ လက်ခံလိုက်လေတော့သည်။ အခုဆိုလျှင်တော့ သူဟာ အိမ်ထောင်သည်တစ်ဦးဖြစ်နေလေပြီ။
" ဟေ့ jeep ဟိုမှာ မနက်ကကောင်လေးမဟုတ်လား "
"အေး ဟုတ်တယ်ကွ "
" အခြေအနေလေးသွားမေးလိုက်လေကွာ "
" အေး မင်းပြောတာဟုတ်သားပဲ "
" ဒါမျိုးမှာ တယ်သွက်နေပါလား "
" ဟ မင်းပဲအကြံပေးတာလေ "
" မင်းကပိုနေသလိုပါကွာ "
" ထားတော့ သူ့ဆီအရင်သွားဦးမယ် "
" အေးပါကွာ "
ခေါင်းလေးကိုငုံ၍ ကိုယ့်အတွေးနဲ့ကိုယ် ကျောင်းဝင်းအပြင်ဘက်သို့ လျှောက်လာလေတော့ အနောက်ကနေခေါ်သံကြောင့် သူလှည့်ကြည့်လိုက်သည်။
YOU ARE READING
TOGETHER & FOREVER
Fantasyအသက်နှစ်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက်နှင့် တစ်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်တို့ဟာ ဖခင်တို့ရဲ့ ပေးစားလက်ထက်မှုကိုခံရပြီး ဘယ်လိုများရှေ့ဆက်ရမလဲ။ ကြီးကျယ်ခမ်းနားလွန်းပြီး ကြွယ်ဝချမ်းသသော စစ်ခွန်းသွေးမာန်၏ ဖခင်ဖြစ်သူ ဦးစစ်မာန်က ဘာကြောင့်များ သားဖ...