Together Forever
အခန်း ( ၃ )
ဒီနေ့ဟာ နှိုင်းမဟာမိုရ်ရဲ့ တက္ကသိုလ်စတက်ရမဲ့နေ့လေးပါ။ အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်ကျောင်းသားဘဝကို စတင်သောပထမနေ့လေးဆိုလည်းမှားမည်မဟုတ်ပေ။ စစ်ခွန်းသွေးမာန်ကလည်း နှိုင်းမဟာမိုရ်အား ကားမောင်း၍လာပို့ပေးသည်။ ပထမဆုံးနေ့မို့ ဂရုစိုက်ပြီးပို့ပေးတယ်ထင်ပါရဲ့ သူအတွေးလေးထဲမှာတွေးနေမိသည်။ ကျောင်းဝင်းနားရောက်တော့ ကားကိုရပ်လိုက်သည်။
" ပထမဆုံးနေ့မှာ ပျော်ရွှင်ပါစေ နှိုင်းမဟာမိုရ် ပညာရေးမှာပဲစိတ်ဝင်စားပါ သိထားရမှာက မင်းကိုပိုင်ဆိုင်တဲ့ စစ်ခွန်းသွေးမာန်ဆိုတဲ့ကိုယ်ရှိတယ်ဆိုတာပဲ "
သူဘာမှပြန်မပြောဘဲ စစ်ခွန်းသွေးမာန်ကိုသာ ကြည့်နေမိသည်။
" သွားတော့လေ ညနေကိုယ်လာပြန်ကြိုမယ် "
အကောင်းစားကားလေးကနေဆင်းလာသော နှိုင်းမဟာမိုရ်ကို ကျောင်းသားတွေက သတိထားမိသွားကြသည်။ အရပ်ငါးပေလေးလက်မခန့်ရှိပြီး အသားလေးဖြူဝင်းကာ ချစ်စရာကောင်းသော သူ့ကိုမြင်တော့ အားလုံးက ဂရုတစိုက်နဲ့ ကြည့်မိကြလေသည်။ ကျောပိုးအိတ်အနက်ရောင်လေးကိုလွယ်ပြီး ပုံမှန်ခြေလှမ်းလေးနဲ့ ကျောင်းထဲသို့ဝင်ရောက်လာသော နှိုင်းမဟာမိုရ်ဟာ ခဏလေးအတွင်းမှာကို ကျောင်းသားကျောင်းသူတွေရဲ့ ဂရုစိုက်မှုကိုခံရလေတော့သည်။
" ဟာ အတော်လေးချောတာပဲ ကောင်လေးက "
" ဟာ ထိုင်းမင်းသားလေးကျနေတာပဲ အဆင်လေးတော့ "
" သူဌေးသားလေးပဲနေမှာပါ နုဖက်ဥအက်နေတာပဲ "
အမျိးမျိုးသော ထင်ကြေးပေးမှုတွေကိုတော့ နှိုင်းမဟာမိုရ်တစ်ယောက် မကြားနိုင်ပါပေ။ သူ့အတွေးတွေမှာ အခြားကျောင်းသားကျောင်းသူသစ်လေးတွေလို ကျောင်းပထမစတက်ရမဲ့နေ့အတွက် သူမပျော်မွေ့နိုင်ပေ ရင်ခုန်မနိုင်ပေ။ အတွေးလေးပေါင်းများစွာနဲ့သာ သူသွားရမဲ့အဆောင်လေးဆီသို့သာ သူသွားနေမိလေတော့သည်။
Jeep တစ်ယောက်သူငယ်ချင်းတွေနဲ့စနောက်ပြီး အဆောင်ထောင့်လေးကနေပြေးထွက်ချိန်မှာ လူတစ်ယောက်ကိုတိုက်မိလေတော့သည်။
YOU ARE READING
TOGETHER & FOREVER
Fantasyအသက်နှစ်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက်နှင့် တစ်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်တို့ဟာ ဖခင်တို့ရဲ့ ပေးစားလက်ထက်မှုကိုခံရပြီး ဘယ်လိုများရှေ့ဆက်ရမလဲ။ ကြီးကျယ်ခမ်းနားလွန်းပြီး ကြွယ်ဝချမ်းသသော စစ်ခွန်းသွေးမာန်၏ ဖခင်ဖြစ်သူ ဦးစစ်မာန်က ဘာကြောင့်များ သားဖ...