ကျွန်တော့်နာမည်ရှောင်းကျန့်။ ကျွန်တော့်မှာအရမ်းချစ်ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဝမ်ရိပေါ်။ ဝမ်နဲ့ကျွန်တော်နဲ့တွဲလာတာ၃လရှိပြီ။ ဒီနေ့လည်းဝမ်ကသူ့ကို basketball ကွင်းထဲအတူတူလိုက်ခဲ့ဖို့ခေါ်တာကြောင့် ဝမ်ကစားနေတာကိုကြည့်ရင်း ဝမ်မောရင်ရေသောက်ဖို့ ရေဘူးနဲ့တစ်သျှူးကိုကိုင်ရင်း ဝမ့်ကိုစောင့်နေတယ်။ ဟော...ဝမ်က ကစားလို့ပြီးပြီထင်ပါတယ်သူ့ဆီပြေးလာတယ်။
" ကော ကျွန်တော် basketball ရိုက်တာတော်တယ်မလား "
" အင်းတော်တယ် ကောရဲ့ဝမ်ကတော်ပြီးသား "
ဝမ့်ရဲ့နှဖူးပေါ်မှာကျနေတဲ့ချွေးတွေကိုသုတ်ပေးလိုက်တယ်။ ဝမ်ကလည်းမျက်နှာကိုသူ့ရှေ့ထိုးပေးရင် ပြုံးပြုံးလေးနဲ့ချွေးသုတ်ခံနေတယ်။
" ဟေ့...ကောင်စုတ် "
အသံကြားတာကြောင့် ဝမ်ရောကျွန်တော်ရောလှည့်ကြည့်မိလိုက်တယ်။
"အယ် ရှောင်းရီ "
ဝမ်ကချက်ချင်းအဲ့ကောင်မလေးနားပြေးသွားတယ်။ကျွန်တော်မေ့သွားတယ် ကျွန်တော်ကောင်လေးမှာ အရမ်းရင်းနှီးတဲ့သူငယ်ချင်းမလေးရှိတယ်။ ဝမ်ကသူ့ငယ်ချင်းဂုတ်ကိုပြေးဖတ်လိုက်ပြီးတစ်ပတ်လှည့်လိုက်တယ်။ ပြီးတော့သူတိူ့နှစ်ယောက်က သတ်ပုတ်နေရင်း ကျွန်တော့်ဆီပြေးလာတယ်။
" အယ် ရှောင်းကျန့် သူနင့်ကို အရမ်းအနိုင်ကျင့်တယ်မလား "
" နင်ငါ့ကောင်လေးကိုမြင်တိုင်း ငါအကြောင်းမဟုတ်တာတွေမပြောနဲ့ "
" ငါဟာငါပြောချင်လို့ပြောတာ နင်နဲ့ဘာဆိုင်လဲ "
" ဟဲ့ နင့်ကိုနင်ပြန်ကြည့်ဦး နင်သာငါ့ကောင်လေးလိုသိမ်မွေ့ရင် နင်အစောကြီးထဲကကောင်လေးရနေပြီ "
"နောက်တစ်ခါအဲ့လိုပြောကြည့် "
ဝမ့်သူငယ်ချင်းမက ဝမ့်ကိုရိုက်ရင်းခြေထောက်ကိုနောက်ပြန်ဆုတ်လာကြောင့် သူနောက်ဆုတ်မိလိုက်တယ်။ သူရေဘူးကိုတင်းတင်းစုတ်မိလိုက်ပြီး သူတို့နှစ်ယောက်ကိုကြည့်လိုက်တော့ အချင်းချင်းရိုက်နေပြန်တယ်။
* သူတို့ရင်းနှီးတဲ့ပုံစံက ငါကပဲတတိယလူဖြစ်စေတယ် *
![](https://img.wattpad.com/cover/275853140-288-k796713.jpg)
YOU ARE READING
博君一肖石振德 || BJYXSZD ||
Fanfiction𝚈𝚒𝚣𝚑𝚊𝚗 𝚏𝚒𝚌 シ︎ တချိူ့အပုဒ်လေးတွေကို Fb က Chinese short video လေးတွေကိုသဘောကျလို့ Yizhan version အဖြစ်ပြန်လည်ရေးထားတာဖြစ်ပါတယ်။ အဲ့တွက်လည်း 💢 Full Video Card ပါရှင့် 💢 ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ် တချို့အပုဒ်လေးတွေကို Fb က Chinese short v...