Unicode
"Yoongiမင်းဘာဖြစ်နေတာလဲ.."
"ငါလား...ငါဘာဖြစ်နေလို့လဲ"
"ကိုယ့်ကိုကိုယ်တောင်ဘာဖြစ်မှန်းမသိဘူးလား"
"ကျစ်..မသိဘူးဟာ"
စိတ်ကညစ်နေပါသည်ဆိုမှ ဘေးနားမှကြက်တူရွေးကဲ့သို့ တစ်တွတ်တွတ်ပြောနေသော
Jong-ann၏နှုတ်သီးကို ပိတ်ရိုက်ပစ်လိုက်ချင်ပေမယ့်...စိတ်ကိုအတတ်နိုင်ဆုံးလျော့လိုက်သည်..ဟိုလူရမ်းကားစိတ်ပုတ်မျက်နှာဖုံးကောင်ကလည်း သူ့ကိုနှင်ထုတ်ပြီး နည်းနည်းလေးတောင်ပြန်ခေါ်မယ်မရှိ...တစ်စက်ကလေးမှကြည့်လို့မရဘူး..."မင်းရုပ်ကကွာ..နွားအိုကြီးမြက် မစားရသလိုလို
ကျွဲကပဲရွံမလူးရသလိုလိုနဲ့ ခွေးလိုလိုမှိုင်နေ...အား.."ဘေးနားမှ ပွစိပွစိရွတ်နေသောသူအား အမြင်ကပ်ကပ်ဖြင့် ဘေးရှိရေထည့်ထားသောဘူးသီးခြောက်ဖြင့် ထုထည့်လိုက်သည်...အမှန်ဆို နှုတ်ခမ်းကိုတောင် စကားများချင်ဦးလို့ပြောပြီး
ရိုက်ထည့်ပစ်လိုက်ချင်တာ...လူကိုတိရိစ္ဆာန်အမျိုးမျိုးနှင့်နှိုင်းသွားပါသောJong-ann နှိုင်းရင်လည်းချစ်ဖို့ကောင်းတဲ့ ကြောင်တို့ငှက်တို့နဲ့နှိုင်ပါလား...ထို့နောက် အော်သံဆူးဆူး၏နောက်တွင် ပူထူသွားသောဦးခေါင်းတစ်ဖက်..."မင်းငါ့ကိုပြန်ထုတယ်.."
"ထုတယ်ကွာ မင်းအရင်လာထုတာကို.."
"မင်းရဲရင်လာ ငါ့လက်သီးကလူမရွေး နေရာမရွေးဘူး"
"စိန်လိုက်လေMin Yoongi"
ထိုနေ့တွင် Min Yoongiနှင့် Jong-annတို့နှစ်ယောက် ဈေးထဲတွင်နာမည်ကျော်ကာ ရွာစားမင်း၏အိမ်ရှိ ကောက်ရိုးခြောက္များပေါ်တွင်
တစ်ညအိပ်လိုက်ရတော့သည်...ဒါလည်းဂုဏ်ယူစရာပေါ့ ရွာထဲရှိလူများက ရွာစားမင်းမခေါ်လည်းသူတို့ဘာသာသူတို့သွားကြရသည်... Yoongiတို့ကတော့ ရွာစားမင်းကိုယ်တိုင်ကြွလာပြီး လာဖိတ်ခေါ်သည်မှာ မည်မျှဂုဏ်ရှိသည့်ကိစ္စရပ်ပင်သတည်း...အပိုအနေဖြင့်အိမ်အောက်ရှိ အခန်းထဲတွင် ညပါအိပ်ခိုင်းလိုက်သည်မို့ ကိုယ့်ကိုကိုယ်တောင်ဘဝင်မြင့်ချင်သွားသည်..

BẠN ĐANG ĐỌC
MASK (Completed)
Fanfictionလူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က.... လူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က... Story photo by Triple-D 93