Mask-5 (Final)

679 78 55
                                    

Unicode

ကမ္ဘာကြီး၏အချိန်ယန္တရားကြီးကား မရပ်နားလည်ပတ်လျက်..အချစ်ငှက်‌ေလးများကလည်း သာယာသောတေးသံများကို သီကျူးမပြတ်..
ေနမင်းကြီးကလည်း မိုးကောင်းကင်ပန်းချီကားကြီးအား အပြာနု ပန်းနုရောင် လိမ္မော်ရောင်တို့ဖြင့် ဆေးခြယ်ထားမှု‌ေကြာင့်အလွန်လှပသည့်သဘာဝပန်းချီကားကြီးတစ်ချပ်နှယ်...သဘာဝတရားကြီးကလှပလွန်းသည်ထက်ပို၏..သို့‌ေသာ်...ရဲတိုက်အတွင်းတွင်ရှိ Jeonတစ်ယောက်စိတ်ညစ်နေရသည်..ပလွေမှုတ်ခိုင်းကာ ပလွေမှုတ်အပြီးပြန်ခါနီး ပါးပြင်ထက်သို့အနမ်းခြွေသွားသောထိုလူသား...
ဖက်ထုတ်ကောင် ဒေစီပန်းအဖြူကောင်လေးက သူ့ရင်ခုန်သံကိုထပ်ပြီးမြန်စေခဲ့သည်...ထို့နောက်..တစ်ပတ်လုံးပျောက်သွားသောထိုလူသား သူကလည်းထိုလူသားကိုချစ်မိနေသည် သို့သော်...ထိုလူသားကားသူ၏အချစ်စစ်မဟုတ်၍ထင် ဘာအန္တရာယ်မှမဖြစ်သလို သူဟာလည်းဘာမှဖြစ်မနေ...ထိုအရာကား သူ့ကိုဝမ်းနည်းစေသော်လည်း ထိုဖက်ထုတ်ဖြူလေးအတွက်ကတော့ အသက်အန္တရာယ်မရှိပေ...

ရဲတိုက်ဝန်းထဲလှမ်းကြည့်မိတော့ ခိုးပြီးဝင်လာသောထိုလူသားဖက်ထုတ်...မင်းလေးဟာလေအမြဲချစ်ဖို့ကောင်းနေတော့တာပဲ...
ထို့နောက် ရဲတိုက်ထဲတိုးတိုးတိတ်တိတ်ဝင်လာ‌ကာ သူ့ကိုလှန့်ရန်ကြံရွယ်နေမှန်းသူသိတာပေါ့....ထို့ကြောင့်...သူလည်းမသိချင်ယောင်ဆောင်ကာ ကျောပေးထားလိုက္မိသည်...

"Jeonie..."

ထင်တဲ့အတိုင်းပင်...လူကိုအနောက္မှလက်တို့ပြီးခြောက်လိုက်တဲ့သူကြောင့် လူပင်ရယ်ချင်သွားသည်...အသက်ကသာကြီးတာ အရွယ်နဲ့အပြုအမူတို့ကား ကလေးအတိုင်းပင်...

"ဘာလဲYoongi"

"လေသံလေးလျော့ပါဗျာ အမြဲမာနေတော့တာပဲ"

"‌ကိုယ်တော်လေးပျော်‌ေတာ်မူပါ"

"အဟမ်း ဒီနေ့ကိုယ်တော်ဒီရဲတိုက်အတွင်းမှာပဲ စံတော်မူမယ်ကွယ့်...အခုတော့ နားလိုက်ဦးမယ်"

"ဟုတ်ကဲ့ စံတော်မူပါ"

ထို့နောက် ပြတင်းပေါက်ရှေ့ရှိ ခုံပေါ်တွင်ထိုင်ကာ စိုက်ကြည့်လာသောထိုလူသား...မျက်လုံးတို့မှေးစင်းကာအိပ်စက်ခြင်းဆီသို့...
ထိုလူသားအား ရှေ့တည့်တည့်မှကြည့်ကာ ချစ်ရိပ်တွေတဖြည်းဖြည်းတိုးလာသောသူတစ်ယောက်...

MASK (Completed)Место, где живут истории. Откройте их для себя