Mask-2

523 83 22
                                    

Unicode

"ဟဲ့... Yoongiမင်းဘယ်တွေသွားနေတာလဲ ငါမင်းကိုရှာမတွေ့တော့လို့ မင်းအိမ်တောင်သွားလိုက်ရှာတာ"

ရွာထဲဝင်လိုက်သည်နှင့် ထွက်လာသောအသံကြောင့် ဟိုကောင်Jong-annဆိုတာ သိလိုက်ရပြီ...

"မင်းကငါ့နောက်ကျမလိုက်လာပါဘဲနဲ့...ငါ့ကိုရှာတယ်ပေါ့လေ"

"ငါမင်းနောက်လိုက်လာပါတယ်...ရဲတိုက္မရောက်ခင်မင်းပျောက်သွားတော့ ငါလည်းရဲတိုက်ထဲဝင်မရှာရဲတာနဲ့ လှည့်ပြန်လာတာ.."

"အဲ့ရဲတိုက်ထဲမှာဘာမှမရှိပါဘူးကွာ...ဘယ်ကမကောင်းဆိုးဝါးမှန်းမသိပဲ မင်းကကြောက်ပြနေတယ်...အဲ့ထဲမှာငါတောင် မျက်နှာဖုံးတပ်ပြီး..အဲ...ဘာမှမဟုတ်တော့ဘူး"

"မင်လည်းအမ‌ျိုးမျိုးပဲ"

"နေပါဦးလူတွေကမကောင်းဆိုးဝါးသာပြောတာ
တွေ့ရောတွေ့ဖူးကြလို့လား"

"အဲ့ဒါလည်းဟုတ်တာပဲ..မတွေ့ဖူးပဲနဲ့ဘာလို့ပြောကြပါလိမ့်"

"တော်စမ်းပါ..ဆေးပင်တွေကို‌သမားတော်ကြီးဆီ
သွားရောင်းရဦးမယ်..လာသွားမယ်"

Yoongiထိုအရစ်ရှည်နေသော Jong-annကိုနားရွက်္မှဆွဲကာ သမားတော်Byulဆီခေါ်လာခဲ့သည်...
သမာ‌းတော်စံအိမ်မှအပြန် ဈေးထဲသို့ဝင်ကာ သေရည်ထိုင်သောက်ပြီး အိမ်ဘေးရှိအမယ်အိုSongအတွက် တို့ဖူး‌ဝယ်ကာအိမ်ပြန်လာလိုက်သည်...

"မင်းရဲတိုက်ဆီသွားပြီး မကောင်းဆိုးဝါးနဲ့တွေ့ခဲ့တယ်မလား..."

"ဗျာ.."

အိမ်ထဲဝင်ဝင်ချင်းဆီးကြိုခံလိုက်ရပုံကား အပြစ်လုပ်ထားသောကလေးတစ်ယောက်ကို လူကြီးကမိပြီးအော်ခံထိတော့မည့်ဟန်...

"မင်းကိုရဲတိုက်ဆီမသွားနဲ့လို့ ဒီလောက္မတားခဲ့ဘူးလား"

"မဟုတ်ပါဘူး"

"ဘာမဟုတ်တာလဲ မင်းဒုက္ခရောက်္မှာဆိုးလို့ပြောနေတာ မျက်နှာတစ်ခြမ်းပျက်စီးနေတဲ့ မကောင်ဆိုးဝါးနဲ့တွေ့ခဲ့တယ်မလား"

"မဟုတ်တာဗျာ ကျွန်တော်ကဘာလို့တွေ့ရမှာလဲ"

"မင်းမလိမ်နဲ့.."

MASK (Completed)Where stories live. Discover now