Unicode
"ဒီနေ့ဆိုင်က အရောင်းကျဲလိုက်တာ"
ကော်ဖီကောင်တာမှာ မေးထောက်ရင်းဆိုင်အဝင်ဝကို စိတ်ပျက်လက်ပျက်ကြည့်နေတဲ့ ကိုဇင်ကြောင့် သူအသည်းအမဲဖတ်နေသော လက်ထဲက စာအုပ်ကို ခဏရပ်လိုက်ကာ
"ဟုတ်ပါရဲ့ဗျာ.. မိုးရွာလို့နဲ့တူပါရဲ့"
"နေပါဦး.. မင်းဖတ်နေတာ ဘာစာအုပ်လဲ?"
"ဟိုရက်က ဧည့်သည်တစ်ယောက်ကျန်ခဲ့တဲ့စာအုပ်ပါ..ဟဲဟဲ။ ဆိုင်လဲလူရှင်းနေတော့ပျင်းတာနဲ့"
လက်ထဲက စာအုပ်ကို ထောင်ပြလိုက်ပြီး လင်းခက် ရီကျဲကျဲပြောမိသည်။ သာမန် bakery ဆိုင်လေးဖြစ်တာကြောင့် သူတို့ဆိုင်မှာ လူရှင်းရင် သန့်ရှင်းရေးလုပ်ပြီး အေးအေးလူလူထိုင်နေရုံပင်။ ဆိုင်ရှင်လဲဖြစ်သလို Baker လဲဖြစ်တဲ့ကိုဇင်က ကိုယ့်JD တွေအကုန်ပြီးရင် လွတ်လပ်ခွင့်အပြည့်အဝပေးထားပြီးသား။
ဆိုင်ပိတ်ချိန်လဲနီးနေတော့ ကိုဇင်ကခေါင်းတညိမ့်ညိမ့်နှင့်သာ ဘာမှဆက်မပြောတော့ဘဲ ဖုန်းသုံးနေသဖြင့် သူလဲ စာအုပ်ပြန်ဖတ်နေလိုက်သည်။ဒီစာအုပ်ကို သူအရမ်းကြိုက်လွန်း၍ ဖတ်နေခဲ့တာမျိုးတော့မဟုတ်ပေ။စိတ်မကျေနပ်လွန်းလို့သာ တစ်ပိုင်းပြီးတစ်ပိုင်းဖတ်နေခဲ့ခြင်းဖြစ်၏။
"The abandoned royal prince"ဆိုတဲ့ ဝတ္ထုက harem,mystery အမျိုးအစားဝတ္ထုဖြစ်ပြီး 20 + rating သတ်မှတ်ခံထားရသည်အထိ smut scene တွေနဲ့ Minor တွေမဖတ်သင့်တဲ့ဇာတ်ဝင်ခန်းတွေပါသည်။ အဓိကဇာတ်လိုက်မင်းသားဖြစ်တဲ့ Dion Sviatoslavyach က S နိုင်ငံတော်၏ တော်ဝင်မိသားစုက မင်းသားတစ်ပါးဖြစ်ပေမဲ့ အာဏာမက်တဲ့သူ့မယ်တော်မိဖုရားကြီးကြောင့် ဧကရာဇ်ရဲ့ မျက်နှာသာပေးခြင်းကိုငယ်စဉ်တည်းက မခံရချေ။ မင်းသားကြီးတွေထံက အနိုင်ကျင့်ခံရမှုတွေကိုခံလာရတဲ့ Dion ဟာအဓိကဇာတ်လိုက်မဖြစ်တဲ့ Catherineရဲ့အဖေဖြစ်သူနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာမှ စတင်သန်မာလာခဲ့လေ၏။
Dion ထီးနန်းရပြီးနောက်မှာတော့ သူ့ကိုကိုယ်ခံပညာနှင့်မှော်ပညာတွေကို သင်ကြားပေးခဲ့တဲ့ Catherine အဖေကို နန်းရေးဝန်ကြီးအဖြစ်ရာထူးပေးအပ်ခဲ့ကာ ဇာတ်လိုက်မ Catherine ကို မိဖုရာခေါင်ကြီးနေရာအတွက် တော်ကောက်ခဲ့သည်။
YOU ARE READING
ငါကဗီလိန်တဲ့လား?(I became the villainess of this novel)
Fantasyလင်းခက်ညို့ဟာ သာမန်bakery ဆိုင်ကဝန်ထမ်းပေါက်စလေးတစ်ယောက်။ တစ်နေ့မှာ သူတို့ဆိုင်မှာ ဧည့်သည်တစ်ယောက်ကျန်ခဲ့တဲ့ ဝတ္ထုကိုဖတ်လိုက်မိပြီးနောက် သူဟာ အဲ့ဒီဝတ္ထုထဲကို ရောက်သွားခဲ့တယ်။ ဝတ္ထုထဲမှာ သူကူးပြောင်းသွားတဲ့ Cielဆိုတဲ့ ကာရိုက်တာက ကောင်းလှတယ်တော့မဟုတ...