Ch.2(မင်းက ဒယ်ဒီ့သား)

1.1K 190 15
                                    

Unicode

"နေသာပါရဲ့လား?သခင်"

သူမျက်ဝန်းတွေဖွင့်လိုက်ချိန်မှာတော့ ဖြူဖွေးလင်းထိန်နေသော မျက်နှာကျက်အမိုးကြီးကိုအရင်မြင်ရပြီး အလွန်ကိုရိုကျိုးလှသည့်ယောကျာ်းကြီးတစ်ယောက်ရဲ့ အသံသဲ့သဲ့ကိုကြားရသည်။

ခေါင်းကိုက်ရတဲ့အထဲ.. ဘယ်သူကသခင်တုန်း။

"ကျွန်တော် ဘယ်ရောက်နေတာလဲ?"

အိပ်ရာနိုးကာစ ကွဲအက်နေတဲ့ အသံကြီးနဲ့ မေးလိုက်ကာ တဝါးဝါးသမ်းလိုက်မိသည်။

"စံအိမ်မှာပဲရှိနေတာပါ။ ဒီနေ့နဲ့ပါဆို သခင်လေးအိပ်ပျော်နေတာ ၄ရက်ရှိပါပြီ"

အိပ်ပျော်နေတာ ၄ရက်တောင်??
သူအဲ့လောက်တောင် အိပ်ပျော်သွားမိတာလား?

ခေါင်းတညိတ်ညိတ်နဲ့ တစ်ဖက်လှည့်အိပ်ရန်ပြင်မိစဉ် သူ့အာရုံထဲ အလင်းတန်းလိုမျိုး အကြောင်းအရာတစ်ခုဖျတ်ခနဲဝင်လာသည်။

မဟုတ်မှလွဲရော.. ငါအခုထိ?

အတွေးမဆုံးသေးခင်မှာပင် သူဆတ်ခနဲထထိုင်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်မိသည်။ မြင့်မားတဲ့မျက်နှာကျက်တွေနှင့် အနီရောင်ကတ္တီပါကော်ဇောကြီး ပြန့်နေအောင်ခင်းထားတဲ့အခန်းကြီးကခမ်းနားထည်ဝါလျက်။ မီးဆိုင်းကြီးတွေနှင့် ကြီးကျယ်လွန်းတဲ့ အခန်းကြီးကို အလုံးစုံဝေ့ကြည့်ပြီးနောက် မျက်လုံးအဝိုင်းသားနှင့် လင်းခက် မိနစ်ပိုင်းလောက် မှင်သက်သွားမိသည်။

စိတ်နှင့်လူ ပြန်ကပ်လာသည့်နှင့် ဗလာဟင်းလင်းမှတ်ဉာဏ်ထဲအလုံးအရင်းတိုးဝင်လာတဲ့ ရှုပ်ထွေးပွေလီလှသော မှတ်ဉာဏ်တွေ။
ဘာလဲ .. ဒါက တကယ်ကြီးလား? တကယ်ကြီး ငါက Ciel Chester ရဲ့ ကိုယ်ထဲကို ရောက်နေခဲ့တာလား?

ချီးထဲမှပဲ ....သေလိုက်ပါတော့!!!

xxx

Ciel Chester

S နိုင်ငံတော်ရဲ့ အချမ်းသာဆုံး၊ကြောက်စရာအကောင်းဆုံး Chester မျိုးရိုးရဲ့ ပင်မမိသားစုကမွေးတဲ့ သားငယ် Ciel Chester ဟာ ဇာတ်လိုက်မင်းသားရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်တယ်။ ဗီလိန်လို့သာဆိုပေမဲ့ Ciel က ဟိုးအစတည်းက ဇာတ်လိုက်အပေါ် ယုတ်မာနေခဲ့တာမျိုးတော့မဟုတ်ပေ။ အင်ပါယာပြည့်ရှင်ထံက ဥပေက္ခာပြုခြင်းခံထားရတဲ့ တော်ဝင်မင်းသား Dionရဲ့ သနားစရာ ငယ်ဘဝတောက်လျှောက်တစ်ခုလုံးမှာ လမ်းပြကြယ်လေးလို နွေးထွေးမှုတွေပေးခဲ့သူက Ciel သာ။

ငါကဗီလိန်တဲ့လား?(I became the villainess of this novel)Where stories live. Discover now