Unicode
ရာသီဥတုသာယာသော နွေရာသီမနက်ခင်းမှာကောင်းကင်ပြာလွင်လွင်က တိမ်ကင်းစင်လျက်။ စူးရှနွေးထွေးသော နေရောင်ခြည်ကြောင့် မှော်ပညာဖြင့်ဖန်တီးထားသော အနက်ရောင်နှင်းဆီပန်းတွေက မြေမှာကွယ်ဝှက်ငုံ့စင်းနေပြီး ဥယာဉ်တစ်ပြင်လုံး ဖူးပွင့်လန်းဆန်းသော အနီရောင်နှင်းဆီပွင့်များဖြင့်သာ ပြည့်နေလေ၏။
"Harvey ..ကြီးလာရင် ဘာလုပ်ချင်လဲ?"
"ဒယ်ဒီ့လို ရုပ်ချောချင်တယ်"
"ဟား ဟား ဟား"
အစေခံခေါင်းဆောင်အမျိုးသမီးကြီး Margaret အိမ်တွင်းလှည့်လည်စစ်ဆေးနေရာမှ အသံလာရာကို လှမ်းကြည့်လိုက်မိသည်။အစဉ်မြဲတိတ်ဆိတ်ခြောက်ကပ်နေတတ်သော သခင်လေး Ciel အခန်းထဲမှရီသံတချို့ကယခုနောက်ပိုင်း အပြင်သို့ပင် ရံဖန်ရံခါ လျှံထွက်လာတတ်သည်။
ယခင်ဆို ပင်မ စံအိမ်မှာအနေများတဲ့ Ciel က ဒီဘက်စံအိမ်ကို အလာကျဲပေမဲ့ ရောက်လာတိုင်းမှာ အကြောင်းအရာမရှိဘဲ ပြဿနာရှာတတ်ပြီး အကြောင်းအမျိုးမျိုးနှင့် သူသေဒဏ်ပေးသည့် အစေခံတွေလဲ မနည်းလှတော့။ကမ်းကုန်အောင် ရက်စက်သည့်သခင်လေးက ကလေးငယ်လေးကြောင့်ပြောင်းလဲလာပုံပင်။ ဒါက ဝမ်းသာစရာကောင်းတဲ့ အကြောင်းအရာဖြစ်သည်။
ဘုရားသခင်က နောက်ဆုံးတော့ သခင်လေးကို လမ်းမှန်ပြပေးလိုက်ပြီထင်ပါရဲ့။
" Harvey .. ဒယ်ဒီနဲ့နေရတာပျော်လား?"
ပျော့အိနက်မှောင်နေသော ကလေးငယ်ဆံပင်လေးတွေကို ဆပ်ပြာမြှုပ်တွေနှင့် လျှော်ပေးနေရင်း Ciel တွေးတွေးဆဆနှင့် မေးလိုက်သည်။ ပြန်သုံးသပ်ကြည့်မိတော့ သူ့အရင်ဘဝမှာ တွယ်တာစရာဘာမျှဖြင့်မရှိဘဲလေ။ ငွေကြေး၊ ချစ်သူ၊ဆွေမျိုးသားချင်း ဘာဆိုဘာမျှမရှိသည့် တစ်ကောင်ကြွက်မို့ သေသွားရင်တောင် သူ့ကို သတိရနေမည့်သူတစ်ဦးတစ်လေမှ ထိုကမ္ဘာတွင်ကျန်ခဲ့မည်မထင်။
ထို့ကြောင့် အားလုံးပြည့်စုံနေသည့်ဒီဘဝတွင်တော့ သူ့အနားတွင်တစ်စုံတစ်ယောက်ကို ရှိစေချင်မိသည်။
"ပျော်တယ်..Harvey က ဒယ်ဒီနဲ့ပဲတစ်သက်လုံးနေမှာ"
Baby Bathtub လေးထဲမှာ ဘဲရုပ်လေးနှင့် ရေဆော့နေသော Harvey လေးက သူ့ဘက်လှည့်လာကာ ရုတ်တရက်လည်ပင်းကိုသိုင်းဖက်တော့ နှစ်ယောက်လုံးကိုယ်မှာ ဆပ်ပြာမြှပ်တွေပေကျံကုန်လေသည်။ Ciel အင်္ကျီပေါ်မှာရော မေးစေ့အောက်မှာပါပေကျံသွားသည့် ဆပ်ပြာမြှပ်တွေကို ပွတ်သုတ်လိုက်ပြီးနောက်
YOU ARE READING
ငါကဗီလိန်တဲ့လား?(I became the villainess of this novel)
Fantasyလင်းခက်ညို့ဟာ သာမန်bakery ဆိုင်ကဝန်ထမ်းပေါက်စလေးတစ်ယောက်။ တစ်နေ့မှာ သူတို့ဆိုင်မှာ ဧည့်သည်တစ်ယောက်ကျန်ခဲ့တဲ့ ဝတ္ထုကိုဖတ်လိုက်မိပြီးနောက် သူဟာ အဲ့ဒီဝတ္ထုထဲကို ရောက်သွားခဲ့တယ်။ ဝတ္ထုထဲမှာ သူကူးပြောင်းသွားတဲ့ Cielဆိုတဲ့ ကာရိုက်တာက ကောင်းလှတယ်တော့မဟုတ...